Part-60(လိုချင်တာသာပြောလိုက် ကိုကို ဖန်ဆင်းပေးမယ်)

23.1K 2.2K 79
                                    

(Zawgyi)🍀🍀🍀🍀

Part-60
(ကိုယ်...ချစ်သော clover..!!..)

GS group ပိုင်အဆောက်အဦးများထဲမှတစ်ခု
တွင် ကျင်းပသောကုမ္ပဏီနှစ်ပတ်လည်ပွဲက...
အတော်ကိုခမ်းနားသည်။ ခန်းမအလည်ရှိ စင်မြင့်
ထက်တွင်မိန့်ခွန်းပြောကြားနေသော သစ်မိုးအိမ်က
စီးပွားရေးသမားများအလည်တွင် ဧကရာဇ်တစ်ပါး
ကဲ့သို့ထင်ပေါ်နေသည်။

ရှေ့ဆက်လုပ်မည့် စီမံကိန်းအချို့နှင့်ကုမ္ပဏီ၏
လည်ပတ်မှုအခြေအနေများကို အကျဉ်းချုပ်ရှင်း
လင်းပြီးသောအခါ သစ်မိုးအိမ်က သူ၏လက်ချောင်း
သွယ်သွယ်များဖြင့် ဝိုင်ခွက်ကိုကိုင်လိုက်ကာ...
အနည်းငယ် ပင့်မြှောက်ဟန်ပြုပြီးမော့သောက်လိုက်
သည်။ သူက..ကုမ္ပဏီနှစ်ပတ်လည်ပွဲကို ဒုက္ကဌ
တစ်ယောက်အနေဖြင့် ဦးဆောင်ကျင်းပနေခြင်း
ဖြစ်သည်။

ပုံမှန်ဆိုပါက ဒီလိုပွဲမျိုးကိုကုမ္ပဏီဥက္ကဌဖြစ်သော
ဦးထက်နောင်က ဦးဆောင်သင့်သော်လည်း...
ဦးထက်နောင်က သူ့ငယ်ချင်းဦးမြင့်မောင်ဖိတ်ကြား
ထားသော မွေးနေ့ပါတီအတွက်လက်ဆောင်သွား
ဝယ်မည်ဆိုကာ သူ့၏စံပြအတွင်းရေးမှူးမိုးဝေနှင့်
တူတူထွက်သွားပြီး အခမ်းအနားကိုဦးဆောင်ရန်..
သစ်မိုးအိမ်ကိုတာဝန်လွှဲပေးသွားသောကြောင့်ဖြစ်
သည်။

နက်ပြာရင့်ရောင် suitကို အချိုးအစားကြည့်ကောင်း
လှသောခန္ဓာကိုယ်ပေါ်တွင်ဝတ်ဆင်ထားသော..
သစ်မိုးအိမ်က အလွန်ကြည့်ကောင်းနေပြီး သူ့အနား
တွင်တော့ အရည်အချင်းရှိလှသောဒုက္ကဌနှင့်ရင်းနှီး
ချင်သောသူများဖြင့်ပြည့်နေသည်။ ထိုသူများက သူ့
အနားတွင် သကြားကြိုက်သောပုရွက်ဆိတ်များကဲ့
သို့ဝိုင်းအုံနေခြင်းဖြစ်သည်။

သစ်မိုးအိမ်က အားလုံးကိုတည်ငြိမ်စွာတုန့်ပြန်စကား
ပြောနေပြီး ထိုသူများကိုမလိုက်လျောသော်လည်း
တစ်ချိန်တည်းတွင်ပင် သူ့ထိန်းချုပ်မှုအောက်မှ...
လွှတ်မသွားရအောင် ထိန်းချုပ်ထားသည်။

သစ်မိုးအိမ်၏ အကွက်ချပိုင်နိုင်မှုကြောင့် သိကျွမ်း
မိတ်ဆွေများနှင့်သစ္စာခံများစွာတိုးလာလေသည်..။
သူ့အတွက်အနှောင့်အယှက်ဖြစ်လာနိုင်သည်များ
ကိုလည်း အရင်ဘဝအတွေ့အကြုံများကိုသုံးကာ
ရှောင်ရှားရှင်းလင်းထားသောကြောင့် သူ့သည်
ပြိုင်ဘက်မရှိသော ဧကရာဇ်တစ်ပါးလိုပင်...
စီးပွားရေးလောကကိုကြီးစိုးထားတော့သည်။

Clover your'e my clover[Completed]Where stories live. Discover now