(Zawgyi)🍀🍀🍀🍀🍀
Part-32
(ကိုယ်...ချစ်သော clover..!!..)
အခန်းကျယ်တစ်ခု..အလယ်တွင်လေးထောင့်ပုံစံ
ကြိုးဝိုင်းတစ်ခုကို ပြုလုပ်ထားသည်။ ကြိုးဝိုင်းထဲ
တွင်မူ တိုက်ခိုက်ရာတွင် အကျမနာစေရန်
ရည်ရွယ်သော အနက်ရောင်အချပ်များကို
ခင်းကျင်း ထားသည်။
အနက်ရောင် အခင်းအကျင်းများနှင့် ကြိုးဝိုင်းထဲ
တွင်တော့ လူနှစ်ယောက်သည် မြန်ဆန်လှသော
အရှိန်ဖြင့် တိုက်ခိုက်နေသည်။ အချိန်အတော် ကြာမရပ်မနားတိုက်ခိုက်ပြီးနောက် အဖြူရောင်
အရိပ်လေးသည် ကြိုးဝိုင်း၏ အနက်ရောင်
အခင်းအကျင်းနှင့် ကပ်ကာ ဆွဲလှဲခံလိုက်ရသည်။
"ရှုံးပြန်ပြီ..."
အနက်ရောင် အခင်းအကျင်းနှင့် ဆွဲကပ်ခြင်းခံ
ထားရသောသူသည် အပေါ်မှအုပ်မိုးကာ သူ၏
လက်များကို ဘေးတစ်ဖက်တစ်ချက်စီတွင် ချုပ်
ထားသော သူကိုမော့ကြည့်ကာ မကျေမနပ်ဖြင့်
ရေရွတ်သည်။
ငယ်ရွယ်မှုများမပျောက်သေးသော မျက်နှာလေး
သည် အပေါ်မှအုပ်မိုးကာ ချုပ်ထားသော သူ၏
လက်ဖဝါးတစ်ဖက်စာမျှသာရှိသည်။ ခပ်ပြေပြေ
နဖူးလေးတွင်မူ တစ်စွန်းတစ်စကျနေသော ဆံပင်
လေးများက ချွေးများဖြင့်စိုကာကပ်နေသည်က...
အစောက အပြင်းအထန်တိုက်ခိုက်ထားခြင်း၏...
ရလဒ်ဖြစ်သည်...။
ခေါင်းလုံးလုံးလေးကို ခပ်ဖွဖွပုတ်ပေးရင်း
အပေါ်က အုပ်မိုးထားသောသူက ပြုံးသည်။
ထို့သူ၏ သူမတူအောင်လှပသော မျက်လုံးများ
ထဲတွင်တော့ ချစ်ခင်မြတ်နိုးမှုများက အထင်းသား။
"မောသွားပြီလား..."
ထိုသူ၏ ခပ်ရှရှလေသံနှင့်အမေးကို လူငယ်လေး
က မျက်နှာလေးကို တစ်ချက်မဲ့ပြကာ တုန့်ပြန်
သည်။ သွေးကြောစိမ်းလေးများဖြင့် ပါးပြင်ပေါ်
တွင်တော့ ပါးချိုင့်ထင်းထင်းလေးများက ဝင့်ကနဲ။ မျက်နှာသေးသေးလေးပေါ်တွင် ရေလိုစီးကျ
နေသော ချွေးများကို အနှောင့်အယှက်ဖြစ်ပုံပေါ်
သော လူငယ်လေးက သူ၏ဗိုက်နားက အင်္ကျီကို
ယူကာ သုတ်ပြစ်သည်။
ဗိုက်သားချပ်ချပ်လေးများက ပေါ်လာသည်။
လူငယ်လေးသည် ကြိုးဝိုင်း၏ အနက်ရောင်
အခင်းအကျင်းပေါ်တွင် လဲလျောင်းလျက်ပင်
အနားယူနေခြင်းဖြစ်သည်။ အပေါ်မှအုပ်မိုးထား
ဆဲဖြစ်သောသူသည် ချက်ချင်းပင် အပေါ်ကို လိမ့်တက်သွားသော လူငယ်လေး၏ အင်္ကျီစ
လေးကို ပြန်ဆွဲချပေးကာ လူငယ်လေးကို
ဆွဲထူသည်။
YOU ARE READING
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀
![Clover your'e my clover[Completed]](https://img.wattpad.com/cover/240740599-64-k91002.jpg)