(Zawgyi)🍀🍀🍀🍀
Part-12
(ကိုယ်... ချစ်သော clover..!!..)ဦးထက်နောင် အဖြူရောင် ကျောင်းတော်ကြီး
ရှိရာ လမ်းချိုးလေးဘက်သို့ ကားကို ချိုးဝင်
လိုက်သည်...။မနက်အစောပိုင်းက ဇွန်လ၏ မိုးအနည်းငယ်..
ရွာထားသောကြောင့် မိုးနံ့သင်းသင်းက ရနေ
သည်..။ ကျောင်းလမ်း တစ်ဘက်ဆီတွင်
ခရေပန်းပင်များ စီတန်းကာ စိုက်ထားသည်...။မိုးရွာစဉ်က ခပ်ဖြည်းဖြည်း တိုးဝှေ့သွားသော
လေညှင်းကြောင့် ခရေပန်းလေးများသည်
မိုးနံ့သင်းနေသော မြေပြင်ပေါ်တွင် ပျံ့ ကျဲ
ကာ နေရာယူထားသည်...။ကျောင်းအဝင်းဝတွင် သပြေခြံကြီး တစ်ခုရှိကာ
စနစ်တကျ စီတန်းကာ စိုက်ပျိုးထားသည်..။
အရွက်ထိပ်နားလေးတွင် သန္တာရောင်လေး
သန်းနေသော သပြေပင်များက အတော်ပင်
လှပကာ ဘုရားပန်း တင်ရာတွင် ပြန်သုံးလေ့
ရှိသည်...။ကျောင်းဝင်ဝတွင် တာဝန်ကျ ဆရာမ နှစ်ဦးက
ရပ်နေကာ ကလေးများကို ဖြည်းဖြည်းသွားရန်
သတိပေးစကား ပြောနေသည်...။အဖြူအစိမ်းနှင့် ကျောင်းသားပုစိလေးများက...
မျက်စိပနံသင့်လွန်းသည်..။ တစ်ခါမြင်ရယုံဖြင့်
ကလေးငယ်များ ဆိုပါက ကျောင်းတက်ချင်စိတ်
များ ပေါက်လာကာ လူကြီးများဆိုပါက...
ငယ်ဘဝကို ပြန်လွမ်းမိတာမျိုး...။ဦးထက်နောင် ကားကို ကျောင်းဝင်ပေါက်...
အနီးအနားရှိ နီနီရဲရဲဝေဆာနေသော စိန်ပန်းပင်
ကြီးအောက်တွင် ရပ်လိုက်သည်..။သတိရမိသည်က ဆောင်ဦးလှိုင် ၏...
လွမ်းရယ် မပြေဘူး... ဆိုသော သီချင်းကိုပင်..။"Daddy လိုက်ပို့ပေးရမလား..."
"ကျွန်တော် လိုက်ပို့ပေးလိုက်မယ် Daddy..."
ဦးထက်နောင် ကောင်လေး စကားကြောင့်...
ခေါင်းငြိမ့်လိုက်သည်...။ ကားပေါ်မှ ဆင်းလိုက်
ကာ ကားနောက်ခန်း တံခါးကို ကိုယ်တိုင်ဖွင့်ပေး
လိုက်သည်...။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀