(Zawgyi)🍀🍀🍀🍀
(၁၃နှစ်တာယုံကြည်မှု)
Part-99
(ကိုယ်..ချစ်သော clover..!!..)"ဘာသတင်းရသေးလဲ"
တည်ငြိမ်နေသောအသံက မျှော်လင့်ချက်တစ်စွန်းတစ်
စ ပါဝင်နေပြီး စိုးရိမ်မှုများလည်းပျော်ဝင်နေသည်။ သူ ၏အမေးစကားကိုတစ်ဖက်မှသူကပြန်ဖြေလာ၏။"မရသေးပါဘူး သခင်လေး"
"ဆက်သွယ်မှုတစ်စုံတစ်ရာရော ရသေးလား?.."
"မရပါဘူးသခင်လေး"
အခန်းအတွင်းတိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
တစ်ခဏကြာပြီးမှ မီးခြစ်ခြစ်လိုက်သံသဲ့သဲ့က ထွက်
ပေါ်လာပြီး ဝင့်ကနဲတောက်လာသောမီးပွားနှင့်အတူ
မှိန်ဖျော့ဖျော့ဆေးလိပ်ငွေ့များကခပ်ဖြည်းဖြည်းနေရာယူလာသည်။တစ်ခါတစ်လေသာသောက်လေ့ရှိသော ဆေးလိပ်ကို
ပိရိသေသပ်သော နှုတ်ခမ်းများကြားကိုက်ခဲလိုက်သည်။"အင်း ထပ်စုံစမ်းရမှာပေါ့ လူအင်အားထပ်ဖြည့်ဖို့လုပ်
ပါ။ အင်အားအကုန်သုံးရမယ်ဆိုရင်တောင် ကိစ္စမရှိ
ဘူး။ ပြီးတော့ ဒီနယ်တစ်ကျောကတာဝန်ရှိတဲ့သူနဲ့..
ငါတွေ့ချင်တယ်။ ဂိုဏ်းခွဲတွေအကုန်လုံးကိုလည်း စာ
ပို့ထားလိုက်ပါ""ဟုတ်ကဲ့သခင်လေး"
"အားလုံးသွားနိုင်ပြီ"
အလျိုလျိုပြန်ထွက်သွားကြသောအခါ အခန်းထဲတွင်
သူတစ်ယောက်သာကျန်ခဲ့တော့သည်။ လက်ထဲမှ..
ဆေးလိပ်ကိုတစ်ချက်ဖွာလိုက်သည်။ သူ၏မျက်နှာအမူအရာသည် တည်ငြိမ်ကာအေးဆေးနေသော်
လည်း ဆေးလိပ်ကိုင်ထားသောလက်ချောင်းများမှာ
တုန်ရီနေသည်။အလင်းရောင်နည်းသော အခန်းထဲတွင်တိတ်ဆိတ်စွာ
ထိုင်နေသော ထိုသူသည် အတွေးမျိုးစုံဖြင့်သူ့ကိုယ်သူ
သာအပြစ်တင်နေတော့သည်။တူတူသွားခဲ့သင့်တာ..တစ်ယောက်ထဲမထားခဲ့သင့်
ဘူး။တူတူသာသွားခဲ့ရင်အခုလိုဖြစ်လာမှာမဟုတ်ဘူး။
အားလုံးကသူတစ်ယောက်ထဲရဲ့အမှားဘဲ..။............
Sun Group.. ဥက္ကဌရုံးခန်း..
ကျွန်းညိုရောင်စားပွဲပေါ်တွင် ဒီရေလှိုင်းဆိုသောနာမည်
ကို ဖန်ကြည်တုံးပေါ်တွင်ရွှေရောင်သုံးကာစာလုံးထွင်း
ထားပြီးတင်ထားသည်။ စာရွက်စာတမ်းများထားရာခပ်
သေးသေးစားပွဲတင်စင်လေးတစ်ခုနှင့် အနက်ရောင်
လုပ်ငန်းသုံး laptop တစ်လုံးသာရှိသော ဥက္ကဌ
စားပွဲကရိုးရှင်းကာသားနားနေသည်။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀