Part-52

25.3K 2.4K 94
                                    

(Zawgyi)🍀🍀🍀🍀

Part-52
(ကိုယ်..ချစ်သော clover...!!..)

ရွက်စိမ်း အိမ်ရာနိုးလာတော့ ဘေးတွင်
သစ်မိုးအိမ်မရှိတော့..။ ရွက်စိမ်း အခန်း
ထဲရှိ နာရီကိုခေါင်းလေးထောင်ကာ ကြည့်
လိုက်သည်။ နာရီလက်တံများက တာဝန်
ကျေပွန်စွာ ညွှန်ပြနေသည်က 7နာရီ ၁၅
မိနစ်ဟူ၍ပင်..။

ရွက်စိမ်း၏ ယိုင်တိုင်တိုင်ခေါင်းလေးသည်..
ခေါင်းအုံးပေါ်သို့ ပြန်ကျသွားကာ မျက်နှာအပ်
လိုက်သည်။ မဆိုသလောက်ထော်နေသော..
နှုတ်ခမ်းပိစိကတော့ သူ့ကိုကိုသစ်မိုးအိမ်..
အနားတွင်မရှိသောကြောင့် မကျေနပ်ကြောင်း
ပြနေသည်..။

"ကိုကိုယေ.."

ဝူးဝူးဝါးဝါးနိုင်သော ရွက်စိမ်း၏ခေါ်သံအဆုံး
အခန်းတံခါးပွင့်သွားကာ ရှည်လျားသောအရိပ်
တစ်ခုဝင်လာလေသည်။ ရွက်စိမ်းအိပ်နေသော
ကုတင်နားသို့လျှောက်လာကာ မှောက်ခုံလေး
အိပ်နေသော ရွက်စိမ်း၏ကျောပြင်လေးကို..
လက်ဖဝါးကြီးတစ်ဖက်က ညင်သာစွာပွတ်သပ်
လာသည်။

"နိုးပြီလား clover.."

"ကိုကိုကဘယ်သွားနေတာလဲ.."

ကုတင်ဘေးနေရာလွတ်တွင် ဝင်ထိုင်လိုက်တော့
သစ်မိုးအိမ်၏ ပေါင်ပေါ်ကိုခေါင်းလေးတင်ကာ
ပါးတစ်ဖက်အပ်လာသော ရွက်စိမ်းက..
သစ်မိုးအိမ်ကို မျက်လုံးလေးဝင့်ကာကြည့်ရင်း
မေးလာသည်။ အလိုလိုက်ခံထားရသော...
ကလေးဆိုးလေး၏လေသံက သစ်မိုးအိမ်ကို
စိတ်ပျော်စေသည်။

သစ်မိုးအိမ် မိမိ၏အဖြူရောင်ရှပ်အင်္ကျီကြီး
ကိုဝတ်ဆင်ထားသော တန်ဖိုးထားရသည့်
ကလေးငယ်ကို နူးညံ့စွာငုံ့ကြည့်လိုက်သည်။
သစ်မိုးအိမ်က မိမိအင်္ကျီများကိုကလေးငယ်
ကိုဝတ်ပေးရသည်ကို သဘောကျသည်။
ထို့ကြောင့် အစောကြီးအိပ်ပျော်သွားသော
ရွက်စိမ်းကို ကိုယ်တိုင်ပင်လဲကာဝတ်ပေးထား
ခြင်းဖြစ်သည်။

အဖြူရောင်အင်္ကျီက နွားနို့သောက်လွန်းသော
ရွက်စိမ်း၏နို့နှစ်ရောင်အသားအရည်နှင့်လိုက်
ဖက်လွန်းသည်။ ရွက်စိမ်း၏ခန္ဓာကိုယ်နှင့်...
မလိုက်ဖက်အောင် ကြီးမားလွန်းသော အင်္ကျီ
ကြီးကြောင့် ဖြူဖွေးကာထိခိုက်လွယ်မည့်
ပုခုံးလေးတစ်ဖက်ကို အနည်းငယ်လှစ်ဟ
ကာ ပေါ်နေစေသည်..။

Clover your'e my clover[Completed]Where stories live. Discover now