💛Happy New Year (မိုင်းဆန်း) Unicode💛

13.3K 1.2K 109
                                    

(AN _ Happy New Year အတွက် အလွမ်းပြေလေး ဖတ်ဖို့ ရေးပေးတာမို့ ပေါ့ပေါ့ပါးပါး စကားပြော အရေးလေးနဲ့ပဲ တင်ဆက်လိုက်ပါတယ်။ )

နှစ်ကုန်ခါနီး ရက်တစ်ခုမှာပဲ သူတို့ ခရီးတစ်ခုကို ထွက်ခဲ့ကြတယ်။ စိမ်းညို့ညို့တောင်တန်းတွေ ရှိရာအရပ်။ တိမ်ပင်လယ်တွေနဲ့ သဘာဝအလှတရားတွေ ရှိရာအရပ်ဆီကိုပေါ့။ ကားနဲ့ ခရီးမထွက်ဘဲ ရထားနဲ့ပဲ သွားဖြစ်ခဲ့ကြတယ်။ ‌လမ်းခရီး တလျောက်မှာ သူတို့ကို ကြည်နူးခံစားစေတာက မြို့ပြမဟုတ်တဲ့ လေကောင်းလေသန့်လေး‌ေတွနဲ့ သဘာဝရှု့ခင်းလေးတွေနဲ့ပဲ ဖြစ်တယ်။ ရထားစီးပြီးသွားရတဲ့ အရသာက အချိန်ကြာညောင်းတတ်ပေမယ့် ဒီတစ်ခုတော့ သာပါရဲ့လေ။

University ကျောင်းသားဘဝတုန်းကလည်း ဒီလိုပဲ သူငယ်ချင်းတွေ အုပ်စုလိုက် အဲ့ဒီ့အရပ်ဒေသတွေဆီကို ခရီးထွက်ခဲ့ကြဖူးတယ်။ အဲ့ဒီ့အချိန်တုန်းကတော့ မေဂျာတစ်ခုလုံးက ရာနဲ့ချီတဲ့ ကျောင်းသားတွေနဲ့ပေါ့။ ရထားတစ်စီးလုံးနီးပါးက ကျောင်းသားတွေနဲ့ပဲ ပြည့်နေခဲ့တာလေ။  ကျောင်းသားဘဝတုန်းကတော့ ဒီခရီးကို မိုင်းတို့အုပ်စု လေးယောက်နဲ့ ဆန်းအပါအဝင် ကြည်သာလည်း လိုက်ဖူးခဲ့တာပါပဲ။ အခုကျတော့ သူတို့ သူငယ်ချင်းအုပ်စုလေးအပြင် သုတဟန်နဲ့ နန်းသွေးတို့လည်း ထပ်ပေါင်းပါဝင်လာခဲ့‌တယ်။ အားလုံးပေါင်း လူအရေအတွက်က ရှစ်ယောက်ဖြစ်ပြီး ကိုယ်စီလက်တွဲဖော်တွေနဲ့ပါ။

နှစ်ဟောင်းအကုန် နှစ်သစ်ကူးပြောင်းတော့မယ့် အချိန်ကာလကို တောင်ထိပ်ပေါ်မှာ ဖြတ်သန်းကြဖို့ အားလုံးသဘောတူညီခဲ့ကြတာ။ မြို့ပေါ်မှာ ကိုယ့်ပတ်ဝန်းကျင် ကိုယ်အိမ် ကိုယ့်ခြံဝင်းထဲမှာပဲ နှစ်သစ်ကိုကြိုဆိုလည်း ဖြစ်တယ်။ ဒါမှမဟုတ် ပြည်ပခရီးတစ်ခုခုကို ထွက်ကြလည်း ဖြစ်တယ်။ ဒါပေမဲ့ သူတို့အားလုံး ရွေးချယ်လိုက်ကြတဲ့ နေရာက ပင်ပန်းခက်ခဲသော Trekking ခရီးတစ်ခုကိုပါပဲ။ ဒီခရီးကို ထွက်ဖြစ်ကြဖို့ သူတို့အုပ်စု အားလုံး လူညီခဲ့ကြတယ်။ ကန့်ကွက်မယ့်သူ ဘယ်သူမှ မရှိဘူး။

အရင့်အရင် နှစ်တွေတုန်းက သူတို့တွေဟာ မိသားစုတွေနဲ့ အတူ နှစ်သစ်ကိုကြိုဆိုကြတယ်။ ဒါမှမဟုတ် ပြည်ပခရီးတွေ ထွက်ပြီး New yearကို ကုန်ဆုံးကြတယ်။ အခုကတော့ ချစ်ရသူတွေနဲ့အတူ ဒီခရီးကို ထွက်ခဲ့ကြတယ်ပေါ့။

သဏ္ဍာန်ဆန်းWhere stories live. Discover now