(အားကစားကွင်းထဲမှ ပြဿနာ ဖြစ်ပြီး နှစ်ပတ်ကျော်အကြာ ...)
အတန်းချိန် စောနေသေးတာမို့ ဆရာ မဝင်သေးတဲ့အချိန်။ ကျောင်းသားတွေတော့ အခန်းထဲ ရှိနေကြ၏။ သူ့အစုနဲ့သူ စကားပြောနေကြသလို တချို့ကျတော့လည်း စာလုပ်နေကြသည်။ သဏ္ဍာန်ဆန်း ကတော့ မိုးရွာနေတဲ့ ဖြစ်စဉ်ကို ပြတင်းပေါက်က တဆင့် လှမ်းငေး ကြည့်နေ၏။
သူထိုင်နေတဲ့ နေရာက ပြတင်းပေါက်တွေနဲ့ နီးနေပြီး သူ့ဘေးမှာ ကြည်သာက ထိုင်နေ၏။ ကြည်သာကတော့ အနောက်ခုံက ကျောင်းသားတွေနဲ့ စကား ဖောင်ဖွဲ့နေလေရဲ့။ မိုးတွေ ရွာနေတာက သူ့အတွက်တော့ တခြား အရာတွေထက် စိတ်ဝင်စားစရာ ကောင်းနေသည်လား မသိ။ စိတ်လွတ် ကိုယ်လွတ်ကို ငေးမော ထိုင်ကြည့်နေတာမျိုး။
"မင်းတို့ ဟိုသတင်း ကြားပြီးပြီလား ..."
"ဘာ သတင်းလဲ ..."
ကြည်သာနဲ့ အနောက်ခုံက ကျောင်းသားတွေ ပြောနေတဲ့ စကားသံတွေက တိုးတိုး ကြိတ်ကြိတ် ပြောနေတာမျိုး မဟုတ်။ အတိုင်းအတာ တစ်ခုထိ ကျယ်၏။ သဏ္ဍာန်ဆန်းလည်း အတိုင်းသား ကြားနေရပါသည်။
"ငါတို့ မေဂျာက ကိုခန့်သော်ကြီး သူ့ကောင်မလေးနဲ့ ပြတ်သွားပြီတဲ့ ..."
"ဘယ်သူလဲ ကိုခန့်သော်က ..."
"ဟာ ...ဟိုတစ်နေ့က အားကစားကွင်းထဲမှာ ဆီဇာနေရဇ္ဇကို ထိုးလိုက်တဲ့ တစ်ယောက်လေ ..."
သဏ္ဍာန်ဆန်းရဲ့ အာရုံက မိုးရေစက်တွေ ဆီမှာ မဟုတ်တော့။ သတင်းကို ပြောနေတဲ့ အနောက်က တစ်ယောက်ကို လှည့်မကြည့် ဖြစ်သော်လည်း သူနားထောင် နေမိ၏။
"ဟမ် သူလား ..."
"အေး ..."
"ဘယ်လိုဖြစ်တာလဲ ...ဆီဇာနေရဇ္ဇကို သွားစွပ်စွဲပြီး ပြဿနာရှာလို့ သူ့ကောင်မလေးက ဖြတ်လိုက်တာလား ..."
"မဟုတ်ဘူး ...ကိုခန့်သော်ကြီးက သူ့ကောင်မလေးကို ဖြတ်လိုက်တာတဲ့ ...အခု သူက နီနီသစ်လွင်ကို အတင်း လိုက်ကပ်နေတယ် ဆိုပြီး သတင်းတွေ ထွက်နေတာ ..."
"ဟမ် နီနီသစ်လွင်က ဘယ်လို ပါလာတာလဲ ..."
"လက်ရှိရည်းစားကို ချက်ချင်း ဖြတ်ပြီး နီနီသစ်လွင် နောက်ကို လိုက်တယ်ပေါ့... ဒါက ဘယ်လို အမြှီးအမောက် မတည့်တာကြီးလဲ ..."
YOU ARE READING
သဏ္ဍာန်ဆန်း
Romance(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own story (Started On _ 5/July/ 2020) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ေ...