P_39 (U)

38.2K 4.6K 78
                                    

နာရီပေါင်းများစွာ ခရီးနှင်လာပြီးမှ နောက်တစ်နေ့ နေ့လည်ပိုင်း မရောက်ခင် အချိန်မှာ မိုင်း ကိုယ့်နိုင်ငံကို ပြန်ရောက်လာခဲ့ပါသည်။ ခရီးပန်းခြင်းကို ခေါင်းထဲမှာ လုံးဝမရှိ။ လူကလည်း ပင်ပန်းနေခြင်းကို မခံစားမိနိုင်။ ဆန်းနဲ့ အဆက်အသွယ် ပြတ်သွားပြီး နောက်ပိုင်းထဲက သူ့မှာ ခေါင်းပူ ရင်ပူနေရ၏။
ဖြစ်နိုင်ခြေတွေ အကုန်စဉ်းစားပြီး လုပ်ရမှာကို အစီအစဉ်ချရသည်။ စိတ်ပူလွန်းနေတာမို့ သေချာ မတွေးနိုင်ခဲ့တာတွေလည်း ရှိသည်။ သူငယ်ချင်းတွေကို သူပြန်မရောက်ခင် အားလုံးစီစဉ်ထားဖို့ ကြိုးစားခိုင်းထားမိသည်။

လေယာဉ်‌ပေါ်ကနေ ဆင်းလာတဲ့ ခရီးသည်တိုင်းမှာ ခရီးဆောင်အိတ် ကြီးကြီး ငယ်ငယ် ကိုယ်စီ ပါလာကြသည်ချည်းသာ။ သူတစ်ယောက်ကတော့ လက်ဗလာနဲ့ ပျာယာခတ်နေ၏။ ခြေလှမ်းကျဲကျဲ အပြေးတပိုင်းနဲ့ မိုင်းက လေဆိပ်ထဲကနေ ထွက်လာခဲ့လေသည်။ သွားနေရင်းနဲ့ ဖုန်းလည်း ဆက်နေသေးရဲ့။

"အေး နီနီ အခြေအနေ ဘယ်လိုလဲ ...ငါခိုင်းတာတွေ လုပ်ထားပြီးပြီလား ..."

"ပြီးပြီ မိုင်း ...နင် အခု ပြန်ရောက်နေပြီလား ..."

လေယာဉ်ပေါ်မှာ ရှိနေတုန်းက ဖုန်းမဆက်ခဲ့။ အခုဆက်လာပြီဆိုတော့ လေယာဉ်ဆိုက်လာခဲ့ပြီ ဖြစ်မှန်း နီနီကလည်း တန်းသိလိုက်သည်။

"အေး ရောက်ပြီ ..."

"ငါလာခေါ်ရဦးမလား ..."

"ရတယ် မလိုဘူး ငါအခု နင်တို့ဆီကို တန်းလာခဲ့မယ် ...ရဲတွေစုံစမ်းတာရော ဘာထူးသေးလဲ ..."

"ညက ဆန်းပျောက်သွားတဲ့ နေရာကနေ ခြေရာခံနေကြတာပဲ ...ဒါပေမယ့် မလွယ်ဘူး...အဲ့ဒီ့နေရာမှာက CCTV တွေမရှိတော့ လိုက်ဖို့ခက်နေတယ် ...အသေးစိတ်ကနေ တဆင့်ချင်း ရှာနေကြတာပဲ ..."

"ငါမနေ့က ပို့လိုက်တဲ့ ဝဏ္ဏအောင် ဖုန်းကိုရော ခြေရာခံကြည့်ပြီးပြီလား ..."

"ပြီးပြီ ...ဒါပေမယ့် မရဘူး ဒီကောင်တအားလည်တယ် ...နင့်ဆီဖုန်းခေါ်ပြီးတာနဲ့ ကတ်ကိုအစဖျောက်လိုက်တာထင်တယ် ...လုံးဝခြေရာခံလို့မရဘူး ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now