P_35 (U)

41.2K 4.8K 108
                                    

အမှန်တကယ် ဝေးကွာခြင်းဟာ သူ့ကို ဝမ်းနည်းစေခဲ့ ... သူ့မျက်ဝန်းတွေနဲ့ သူ့နှလုံးသားကိုလည်း နာကျင်စေခဲ့ ... ထွက်သွားတာကို ရပ်ကြည့်နေမိတာကလည်း နာကျင်ခြင်း တစ်မျိုးပဲ ဖြစ်ခဲ့ ...။

****  *****  *****  *****  *****

မနက်အိပ်ယာ ထလာတော့ ဆန်းက သူ့ဘေးမှာ မရှိတော့။ ရေမိုးချိုး အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာတော့မှ မနက်စာ ပြင်ပေးနေတဲ့ ဆန်းကို သူတွေ့လိုက်ရပါသည်။ သူ့ကိုမြင်တော့ ဆန်းမျက်နှာက တည်နေဆဲ။ မိုင်းက အနားကပ်သွားပြီး ...

"အဆင်ပြေရဲ့လား ဆန်း ..."

"ဘာကိုလဲ ..."

"ညတုန်းက ငါ့ကြောင့်လေ ...အဲ့ဒါ ...မင်းအခု အဆင်ပြေရဲ့လားလို့ မေးတာ..."

"အ ..."

ပါးစပ်နဲ့ ပြန်မဖြေဘဲ မိုင်းရဲ့ ခြေတခေါက်ခွက်ကို ခြေဖျားနဲ့ ဖြတ်ကန်လိုက်တဲ့ ဆန်း။ အားကပြင်းသည်။ မိုင်းပင် ဒူးကွေးညွတ်သွားရတဲ့အထိ။

"ဘာလုပ်တာလဲ ..."

"မင်းကို မကျေနပ်လို့ ..."

"ငါ ဘာလုပ်မိလို့လဲ ..."

"မင်း ညက ငါ့ကို ဘာလုပ်လဲ ..."

"မင်းလက်ခံလို့ ရှေ့ဆက်တာလေ ..."

"ငါမူးနေတယ်လေ မင်းတားပါလား ..."

"တားနေတာပဲ ...မင်းက အတင်းဇွတ် ...ငါ့ကို သိမ်းပိုက်ချင်လို့ပါ ဘာညာနဲ့ ...ငါက ဘယ်လို ကြံကြံခံပြီး တင်းထားရတော့မှာလဲ ..."

ဆန်းက သူ့ကို မျက်မှောင်ကုတ်ကြည့်ပြီး စားပွဲမှာ ဝင်ထိုင်လိုက်လေသည်။ ဆန်းရဲ့ ပေါင်ပေါ်မှာ အပေါ်ကနေ ထပ်ထိုင်လိုက်တဲ့ မိုင်း။

"ဘာလုပ်ပြန်ပြီလဲ ..."

"မင်းကို ချော့မလို့လေ ..."

ပေါင်ပေါ်မှာ ဘေးတိုက် တက်ထိုင်လိုက်ပြီး ဆန်းပုခုံးကိုပါ သိုင်းဖက်ထားလေသည်။

"ငါတို့အခုချိန်မှာ ဘာပြဿနာမှ မရှာဘဲနဲ့ စကားတွေလည်း မများကြဘဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေး နေကြရအောင်လား ..."

မိုင်းက တောင်းဆိုလာခဲ့သည်။ ဆန်းလည်း စိတ်ကို ဖြေလျော့လိုက်ရ၏။ နောက်ဆုံးအ‌နေနဲ့ သူ့ကို ပျော်ရွှင်စေချင်သည်မို့။

သဏ္ဍာန်ဆန်းWhere stories live. Discover now