ခင်ဗျားတို့ရဲ့ ဘဝမှာ ...
ကိုယ့်ကို အလိုမရှိတော့လို့ စွန့်ပစ်ခံလိုက်ရတာမျိုး ကြုံခဲ့ရဖူးပြီလား ...။
တစုံတယောက်ရဲ့ စွန့်ပစ်လိုက်ခြင်းကိုလေ ...။
အဲ့ဒီ့လူဟာ ကျွန်တော့်အတွက်တော့ ကမ္ဘာကြီးတစ်ခု ဖြစ်ခဲ့ဖူးရဲ့ ...။
ကျွန်တော် သိပ်ချစ်ရတဲ့ လူသားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးရဲ့ ...။
ကျွန်တော် သိပ်ကြောက်တယ်။
နောက်ထပ်တစ်ခါ စွန့်ပစ်ခံရမှာကိုလေ ...။
ကျွန်တော့် ဘဝထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ သံယောဇဉ် အမြစ်တွေ တွယ်မနေစေချင်တော့ဘူး။
အထူးသဖြင့် နှလုံးသားထဲမှာပေါ့ ...။**** ***** ***** ***** *****
မိဘမဲ့ဂေဟာဆိုတဲ့ အဆောက်အအုံ အသိုက်အမြုံ တစ်ခုရဲ့ အရှေ့မှာ အသက်(10)နှစ်အရွယ် ဖြူဖြူသေးသေး ကောင်လေးတစ်ယောက် ရပ်နေလေရဲ့။ ပြီးတော့ အဲ့ဒီ့ကလေးငယ်လေးဟာ မပျော်ရွှင်နေဘူး။ သူ့မျက်နှာပေါ်မှာ ထိပ်လန့်ကြောက်ရွံ့ခြင်းတွေနဲ့ ဝမ်းနည်းအားငယ်ခြင်းတွေ ရှိနေခဲ့တယ်။
သူ့ဘေးမှာတော့ သူနဲ့ မျက်နှာချင်း ဆင်တူလှတဲ့ အမျိုးသမီးတစ်ယောက်လည်း ရပ်နေပါသည်။ ကလေးငယ်လေးက အဲ့ဒီ့အမျိုးသမီးရဲ့ လက်ကို ဆွဲထားပြီး မျက်ရည်တွေ စီးကျနေ၏။
"မေမေ သားကို မထားခဲ့ပါနဲ့နော် ...သား ဒီမှာ တစ်ယောက်ထဲ မနေခဲ့ချင်ဘူး ...ကြောက်တယ် ...သား မေမေနဲ့ပဲ အတူနေချင်တယ် နော် မေမေ နော် ..."
"မရဘူး သဏ္ဍာန်ဆန်း ...မင်း ငါနဲ့ ပြန်လိုက်လို့ မရဘူး ...မင်း ဒီမှာပဲ နေခဲ့ရမယ် ..."
မိခင်ဖြစ်သူက (10)နှစ်အရွယ် ကောင်လေး အားကိုးတကြီး ဆွဲထားတဲ့ လက်တွေကို အတင်းဖြုတ်ချရင်း လေသံမာမာနဲ့ ပြောနေတာပါ။
"သား လိမ်လိမ်မာမာ နေပါ့မယ် မေမေ ...အဲ့ဒီ့ဦးလေးကြီးနဲ့လည်း သားအဆင်ပြေအောင် နေပါ့မယ် အီး ဟီး ..."
သူတို့သားအမိနဲ့ မလှမ်းမကမ်း နေရာတွင် ရပ်နေတဲ့ ယောင်္ကျားတစ်ယောက်ကို လက်ညှိုးလှမ်းထိုးပြီး ပြောနေတာဖြစ်သည်။ အဲ့ဒီ့ယောင်္ကျားက ရပ်ထားတဲ့ ကားတစ်စီးဘေးမှာ ရှိနေတာပါ။
"သဏ္ဍာန်ဆန်း ...ငါ့ကိုကြည့်စမ်း ..."
မိခင်က သူ့လက်မောင်း နှစ်ဖက်ကို ဆွဲဆုပ်ကိုင်ပြီး တစ်ချက်စောင့်ခါလိုက်၏။

YOU ARE READING
သဏ္ဍာန်ဆန်း
Romance(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own story (Started On _ 5/July/ 2020) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ေ...