ဖိအားတွေကြားမှာ ရှင်သန်ပါ။
ကောင်းကင်ဟာ သဘာဝဆန်ဆန် ခမ်းနားကြောင်း အသိအမှတ်ပြုပါ။
လွတ်လပ်ခြင်းဟာ မင်းကို ပျော်ရွှင်စေမယ်ဆိုရင် ဥတ္တရအလင်းတန်းတွေဆီကို ခရီးထွက်ပါ။
လုပ်ချင်ရာ လုပ်ပြီး နေချင်သလို နေထိုင်ပါ။
အရာအားလုံးရဲ့ အဆုံးသတ်မှာ ချစ်ခြင်းမေတ္တာဟာ ငါ့အပေါ် ကို မိုးရေစက်တွေလို နေရာလပ်မကျန် စိုစွတ်လာပါစေ။**** ***** ***** ***** *****
"ဆီဇာနေရဇ္ဇ ..."
ကျောင်းသွားဖို့ ကျောပိုးအိတ်တစ်လုံးနဲ့ ထွက်လာတဲ့သူက ဖခင်ဖြစ်သူရဲ့ လှမ်းခေါ်သံကြောင့် ခြေလှမ်းက တုံ့ခနဲ ရပ်သွားရသည်။ ကြောက်ပြီးလန့်သွားတာမျိုး မဟုတ်။ အလိုမကျစွာ တုံ့ဆိုင်းသွားတာမျိုး။
"ခဏလာဦး ဒီကို ..."
မိုင်းရဲ့ အဖေ KS groupရဲ့ ဥက္ကဌကြီး ဦးဆီဇာမင်းထင်က ဧည့်ခန်းထဲမှာ ထိုင်နေလျက်နဲ့ ခေါ်လိုက်တာပဲ ဖြစ်သည်။ မိုင်းလည်း အိမ်တံခါးပေါက်ကို ဦးတည်ထားတဲ့ ခြေလှမ်းတွေအား ဧည့်ခန်းဘက်ကို ရွေ့လိုက်ရလေ၏။
"ကျွန်တော့်ကို ဘာပြောစရာရှိလို့လဲ ဖေဖေ ..."
"မင်း အခုတလော အိမ်ပြန်အရမ်း နောက်ကျပြီး အိမ်ပြန်အိပ်တဲ့ ရက်တွေလည်း နည်းနေတယ်ဆို ..."
ဦးဆီဇာမင်းထင်က အလုပ်ကိစ္စတွေနဲ့ ဘယ်လောက်ပဲ ရှုပ်နေပါစေ။ တဦ်းတည်းသော သားဖြစ်သူရဲ့ လှုပ်ရှားမှုတွေကိုတော့ စောင့်ကြည့်နေခဲ့သည်သာ။ သူအိမ်မပြန်ဖြစ်တာကို အိမ်မှ အိမ်တော်ထိန်းတွေ ဆီကနေ သိသွားတဲ့ပုံပါပဲ။
"ကျွန်တော် ဘယ်တုန်းကရော အိမ်ကို စောစောပြန်လာဖူးလို့လဲ ...အပြင်မှာ အိပ်တာကလည်း အခုမှ မဟုတ်ဘူး ..."
"သိတယ်လေ ...ဒါပေမယ့် မင်းအခုတလော ပိုဆိုးလာသလိုပဲ ...တပတ်လုံး အိမ်ပြန်မလာတာတွေလည်း ရှိတယ်ဆို ..."
"ပြန်လာတော့ရော အိမ်မှာက ကျွန်တော့်ကို စောင့်မျှော်နေမယ့် မိသားစုတွေ ရှိတာမှ မဟုတ်တာ ..."
သားဖြစ်သူရဲ့ တဇွတ်ထိုးညာဉ်ကို ဦးဆီဇာမင်းထင်ကလည်း သိ၏။ မိန်းမဖြစ်သူ ဆုံးသွားပြီးနောက် တဦးတည်းသောသားကို ရင်အုပ်မကွာ စောင့်ရှောက်ဖို့ရာ သူမတတ်နိုင်ပါ။ များပြားလှတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပြည်တွင်းပြည်ပ သွားလာနေရတာက တစ်လမှာ လဝက်ခန့်။
သူ့မှာ ပေးစရာဆိုလို့ စည်းစိမ်ဥစ္စာတွေပဲ ရှိသည်။ သာမန်ဖခင်တွေလိုမျိုး နွေးထွေးမှု ဂရုစိုက်မှုတွေတော့ မရှိ။

ESTÁS LEYENDO
သဏ္ဍာန်ဆန်း
Romance(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own story (Started On _ 5/July/ 2020) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ေ...