(Extra _ 2) U

35K 4.1K 232
                                    

"ဆန်းလေး ..."

"မခေါ်နဲ့ ငါ့ကို ...မင်း ငါ့ကို ဘာစကားမှ လာမပြောနဲ့ ..."

KS group ဥက္ကကြီး ဦးဆီဇာမင်းထင်ရဲ့ ရုံးခန်းထဲကနေ ထွက်လာကြတဲ့ နှစ်ယောက်။ တစ်ယောက်ရဲ့ မျက်နှာထားဟာ တင်းမာနေပြီး ခြေလှမ်းသွက်သွက် ခြေလှမ်းကျဲကျဲနဲ့ အရှေ့ကနေ လျောက်လာသည်။ နောက်တစ်ယောက်ကတော့ သူ့နောက်ကနေ အပြေးလေး လိုက်လာပြီး အော်ခေါ်နေသည်။

"ခဏနေဦးလေ မင်းအဲ့ဒီ့လောက်ထိ စိတ်ဆိုးဖို့ လိုလို့လား..."

"ဘာ ..."

အရှေ့ကနေ လျောက်နေရင်းနဲ့ ခြေလှမ်းကို တုံ့ခနဲ ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လာတဲ့ ဆန်း။

"ငါစိတ်မဆိုးသင့်ဘူးလို့ မင်းဘယ်လို သတ်မှတ်လိုက်တာလဲ ဆီဇာနေရဇ္ဇ ..."

အမည်နာမကို အစအဆုံး ခေါ်ပုံထောက်ရင် ဒါက အတော်လေး အလိုမကျဖြစ်နေတာ သေချာသလောက်ပင်။

"မင်္ဂလာပွဲကို တနိုင်ငံလုံး တိုင်းသိပြည်သိ ပွဲအခမ်းအနားလုပ်မယ်လို့ ငါပြောတာ ဘယ်နေရာများ မှားသွားလို့လဲ ..."

"ငါမလုပ်ချင်ဘူးလို့ ပြောနေတယ်လေ ...မင်းက ငါ့ကို နည်းနည်းလေးမှ မတိုင်ပင်ဘဲနဲ့ ကိုယ့်စိတ်တိုင်းကျ ဆုံးဖြတ်ပြီး အဖေ့ကို ဘာလို့ တင်ပြလိုက်တာလဲ ..."

မိုင်းက မင်္ဂလာပွဲကို ဒီလိုပုံစံ ဒီလိုတခမ်းတနား ပြုလုပ်ချင်ကြောင်း ဖခင်ဖြစ်သူကို တင်ပြလိုက်သည်။ ဦးဆီဇာမင်းထင်ကလည်း သူ့ရဲ့ အရှိန်အဝါအတွက် ဒီမင်္ဂလာပွဲကို ဒီလောက်တော့ ခမ်းနားသင့်သည်ဟု အတည်ပြုပေးလိုက်၏။ ဆန်းရဲ့ ဆန္ဒကို သားအဖနှစ်ယောက်လုံးက လျစ်လျူရှု့ပစ်လိုက်ခြင်း။ ဘယ်လိုမှ ဝင်ပြောလို့ပင် မရ။

"ငါက မင်းကို တိုင်းသိပြည်သိ လက်ထပ်မှာလေ အဲ့ဒါဘာဖြစ်လို့လဲ ...လူမသိသူမသိ ယူမှာမှမဟုတ်တာ ..."

"လူတိုင်းကို ငါတို့ရဲ့ ပတ်သက် ဆက်နွှယ်မှုအကြောင်း အဖြစ်မနေ အသိပေးနေစရာမှ မလိုတာ ...မင်းက ငါနဲ့ ယူမှာလေ ...ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုတာကြီးနဲ့ ယူမှာမို့လို့လား ...ငါဖြစ်ချင်တာက အရင်းနှီးဆုံး မိတ်ဆွေ လူနည်းနည်းလောက်နဲ့ပဲ ပွဲကိုလုပ်ချင်တာ ..."

သဏ္ဍာန်ဆန်းDove le storie prendono vita. Scoprilo ora