P_43 (Z)

5.3K 678 2
                                    

KS group company ရဲ့ ထိပ်ဆုံး ခေါင်မိုးထပ်။
ဝန်ထမ်းနှစ်ယောက်ဟာ နေ့လည်ခင်းပိုင်း ခဏနားချိန်တွင် ခေါင်မိုးထပ်ကို ရောက်လာကြလေသည်။ သူတို့ အကြံအစည်က ဒီနေရာမှာ ကော်ဖီသောက်ရင်း ခဏအနားယူဖို့သာ။ ခေါင်မိုးထပ်မှာ သစ်ပင်တွေ စိုက်ပျိုးထားပြီး ဥယျာဉ်ငယ်ပုံစံ ဖန်တီးထားတာမို့ အရိပ်အေး၍ နေလို့ကောင်းပါ၏။

"အဲ့ဒါ ဘယ်သူလဲ ..."

သူတို့နှစ်ယောက်ထက် အရင်ဆုံး ထိုနေရာတွင် ရောက်နေသူအား မြင်လိုက်ရတော့ ရှေ့ဆက်မသွားဖြစ်တော့ပေ။ ‌ကော်ဖီတစ်ခွက်စီ ‌ကိုင်ပြီး နှစ်ယောက်သား ရပ်ကြည့်နေမိကြ၏။
‌သူတို့ကို ကျောခိုင်းနေတာမို့ ဘယ်သူဘယ်ဝါမှန်း မသိ။
သစ်ပင်ရိပ်အောက် တစ်ခုမှာ မျက်နှာကို မော့ပြီး နေရောင်ခြည် ခံယူနေတဲ့သူ။ အရိပ်အောက်ဆိုပေမယ့် ‌သစ်ရွက်ကြားတွေမှ နေရောင်က ဖောက်ထွင်း ဝင်ရောက်လာကြသည်သာ။ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်မှာ တချို့တလေ ဖြာကျနေပါ၏။

"အာ အဲ့ဒါ စီမံဌာနက အငယ်ဆုံး အဖွဲ့မှူးမို့လား ..."

တစ်ယောက်က ကိုယ်တခြမ်းစောင်း၍ ကုန်းကြည့်လိုက်ပြီး မျက်နှာကို မြင်သွားပုံရသည်။

"ဟိုတစ်ယောက်မှတ်လား ...ဥက္ကဌကြီးရဲ့ သမက်ဆိုတာလေ ..."

"ဟုတ်တယ် ဟုတ်တယ် ..."

နေရောင်ခံနေတဲ့ သူနဲ့ ခပ်လှမ်းလှမ်းက အရိပ်ရတဲ့ ခုံတန်းတစ်ခုတွင် နှစ်ယောက်သား ဝင်ထိုင်လိုက်ကြပြီး စကားကို ပြန်ဆက်ကြ၏။

"သူက ဒီနှစ်အကုန်မှာ ဒါရိုက်‌တာနေရာအတွက် ရာထားခံရတယ်ဆို ..."

"အင်းလေ ...နောက်ကျရင် ဒါရိုက်တာချုပ် နေရာတောင် ရောက်လာနိုင်တယ် ..."

"သူ့ ယောက္ခထီးကြောင့် ရာထူးအတိုး မြန်နေတာများလား ..."

"အဲ့ဒါကြောင့်လည်း ပါချင်ပါမှာပေါ့ ...ဒါပေမယ့် အဲ့ဒီ့အဖွဲ့မှူးကလည်း တော်တယ်လို့ ငါသတင်းကြားတယ် ...ဒီ companyထဲကို စဝင်လာတုန်းကတောင် ဝင်ခွင့်ဖြေပြီး interviewမှာ အမှတ်အများဆုံးနဲ့ အလုပ်ရခဲ့တာတဲ့ ...အထက်က ရာထူးကြီးတဲ့ သူတွေက သူ့ကို စောင့်ကြည့်နေကြတာ ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now