P_26 (U)

45.9K 5K 262
                                    

သံယောဇဉ်တွေ ထပ်ကာတိုး ...
လိုက်လျောမှုတွေ တဆင့်တက် ...
စိတ်ဝင်စားမှုတွေဟာ ဒီလိုမျိုး ...
ငါ့ကိုယ်ငါတောင် မသိလိုက်ဘဲ ...
ငါ့ကို ငါက စည်းကို ကျော်စေခဲ့တယ် ...။

**** ***** ***** ***** *****

ဒီနေ့ မိုင်းက သူတို့အုပ်စုနဲ့ အပြင်သွားဖို့ ခေါ်လို့သာ လိုက်လာခဲ့မိတာပါ။ ဘယ်ကိုသွားပြီး ဘာလုပ်ကြမယ်မှန်း သူမသိခဲ့။ ဒီရောက်တော့မှ သိလိုက်ရသည်။ သူတို့လာတဲ့နေရာက မြင်းစီးကွင်းတစ်ခုကို။

"ငါ မြင်းမစီးတတ်ဘူးလေ ..."

"သိတယ်လေ ..."

ကွင်းထဲမှာ ပြေးလွှားနေတဲ့ မြင်းတွေနဲ့ စီးနေတဲ့ လူတချို့ကို နားနေဆောင်ထဲကနေ လှမ်းကြည့်ပြီး ဆန်းက ပြောနေ‌သည်။ မိုင်းကလည်း ဘောင်းဘီအိတ်ကပ်‌တွေထဲ လက်ထည့်၍ သူ့ကို ရပ်ကြည့်နေပါ၏။ အမြွှာနှစ်ယောက်နဲ့ လင်းရဝေကတော့ နားနေဆောင်မှ စားပွဲဝိုင်းတစ်ခုမှာ ထိုင်နေကြပါသည်။

"သိရဲ့နဲ့ ငါ့ကို ဘာလို့ ခေါ်လာတာလည်း ..."

"စီးစေချင်လို့ပေါ့ ...မင်း မြင်းမစီးဖူးမှန်း သိလို့လေ ...တစ်နေ့တစ်နေ့ အိမ်ထဲမှာပဲ နေနေရတာ မင်းပျင်းနေမှာစိုးလို့ ခေါ်ထုတ်လာတာ ..."

အလိုက်သိတာကို ကျေးဇူးတင်သင့်ပေမယ့် မြင်းစီးတဲ့အားကစားက သူနဲ့ဘယ်လိုမှ အပ်စပ်ခဲ့ဖူးတာမှ မဟုတ်တာ။ အဆင်မပြေလောက်ပေ။

"ငါတစ်ခါမှ မြင်းကို အနီးကပ်တောင် မမြင်ခဲ့ဖူးဘူး ...စီးဖူးဖို့ဆိုတာက အဝေးကြီးပဲ ...ဖြစ်ပါ့မလား ..."

"မိုင်း ရှိနေတာကို ဘာတွေ စိုးရိမ်နေတာလဲ ..."

"အေးလေ ...သူသင်ပေးမှာပေါ့ ..."

နီနီနဲ့ ရဝေက ထပြောလေသည်။

"ဒါမှမဟုတ်လည်း ရဝေ့ကို သင်ခိုင်း ...သူက မတတ်တာ ဘာမှမရှိဘူး ဆရာကြီး ...သူ့အိမ်က သင်ခိုင်းသမျှ သူအကုန်တတ် ..."

ကောင်းသစ်လွင်ဟာ ဒီလိုမျိုး အလိုက်ကန်းဆိုး မသိစွာ ဝင်ပြောလာလေရဲ့။ မိုင်းက မျက်မှောင်ကျုံ့ပြီး သူ့ကို ဆတ်ခနဲ လှည့်ကြည့်လာခဲ့သည်။ အဲ့ဒီ့တော့မှ သူ့စကားသူ ဆင်ခြင်မိသွားပြီး ...

သဏ္ဍာန်ဆန်းWhere stories live. Discover now