(လွန်ခဲ့သော အချိန် သုံးလခန့်က ဖြစ်သည်။ နတ်ဆိုးတွေဟာ သဏ္ဍာန်ဆန်းရဲ့ တည်ရှိမှုကို သတိမထားမိသေးခင် မူလအစ ပထမ ...)
နိုင်ငံရဲ့ အကျော်ကြားဆုံး တက္ကသိုလ်တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ H.V University ...။
H.V University က ဘွဲ့ရသူလို့ ဆိုလိုက်ရင် အလုပ်အကိုင် အခွင့်အလမ်း များပြားတဲ့ အပြင် လစာ ရရှိမှုနှုန်း မြင့်မားခြင်း တွေကြောင့်ကျောင်းသား အများစုက ရွေးချယ်ချင်ကြသော တက္ကသိုလ် တစ်ခုလည်း ဖြစ်သည်။အဲ့ဒါတွေအပြင် နိုင်ငံရဲ့ အနုပညာလောက၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး နယ်ပယ်တို့မှ ထိပ်တန်း နာမည်ကျော် အများစုသည် H.V University ကနေ ဘွဲ့ရ ခဲ့သူတွေ ဖြစ်သည်။ H.V University ဟာ အစဉ်အလာ ကြီးမားပြီး ဂုဏ်သတင်း ကျော်ဇောလှတဲ့ တက္ကသိုလ်ကြီး တစ်ခု။
ဒီလို ကျောင်းမျိုးမှာ တက်ရောက် ပညာသင်ကြားခွင့် ရဖို့ ဆိုတာကလည်း သိပ်တော့ မလွယ်ကူပေ။ အရည်အချင်းကို ကြည့်ပြီး ဝင်ခွင့် လက်ခံတဲ့ ကျောင်းမျိုးပါ။ ဝင်ခွင့်ရဖို့ ခက်ခဲလှပါသည်။
ကျောင်းတွင် ကျောင်းသားတွေ အနေနဲ့ ပညာ သင်ကြားရေးအပြင် အခြား လှုပ်ရှားမှု activityများစွာ ကိုလည်း လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးထား သေးသည်။
များစွာသော activity များထဲတွင် "Hello interview" အဖွဲ့ကတော့ H.V University မှာ လူကြိုက် အများဆုံးပင် ဖြစ်သည်။
H.V University က ကျောင်းသား တိုင်းက "Hello interview" အဖွဲ့ကို သိကြ၏။ ဒါဆိုရင် "Hello interview" အဖွဲ့ဆိုတာ ဘာလဲ ! ! !
သူတို့က ဘာလုပ်ကြတဲ့ အဖွဲ့လဲ ! ! !တစ်ကျောင်းလုံးက ကျောင်းသား ကျောင်းသူတွေကို အပတ်စဉ် သောကြာနေ့တ်ိုင်း short interview လေးတွေ လျှပ်တပြက် လိုက်မေးကြသည့် အဖွဲ့ဖြစ်၏။ ဒီအဖွဲ့ကို ကျောင်းရဲ့ မေဂျာ အတော်များများမှ စီနီယာ တချို့က ပါဝင်ဖွဲ့စည်း ထားတာ ဖြစ်ပြီး တခါတလေ အဓိပ္ပါယ်ရှိသော မေးခွန်းတွေ မေးမြန်းတတ်ပြီး တခါတလေမှာတော့ အပျော်သဘော မေးခွန်းလေးတွေ မေးမြန်း တတ်၏။
အင်တာဗျူး အစီအစဉ်တွေကို ရိုက်ကူးရေး လုပ်ပြီး ကျောင်းရဲ့ ဝက်ဆိုက်မှာ ပြန်တင်ပေးတာ ဖြစ်သည်။ တခါတရံ အပျော်သဘော မေးခွန်းလေးတွေ မေးတဲ့အခါ စိတ်ကြည်နူး ပျော်ရွှင်ရသည်။ တခါတရံ အဓိပ္ပါယ်ရှိတဲ့ မေးခွန်းတွေကြောင့် ကျောင်းသားတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေ၊ မျော်လင့်ချက်တွေ၊ ရည်ရွယ်ချက်တွေ ရှိကြတယ် ဆိုတာ ဒီ interview video လေးတွေ ကြည့်၍ သိနိုင်ကြသည်။ ထို့အတွက် Hello interview အဖွဲ့ကို H.V University မှာ အားပေးထောက်ခံသူတွေ ကတော့ များပြား လှ၏။
YOU ARE READING
သဏ္ဍာန်ဆန်း
Romance(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own story (Started On _ 5/July/ 2020) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ေ...