ရထားနဲ့မဟုတ်ဘဲ ကားနဲ့မို့ အိမ်အပြန်လမ်းဟာ ပို၍မြန်ဆန်စွာနဲ့ ဆိုက်ရောက်လာခဲ့ပါသည်။
ကျောင်းအဖွဲ့တွေနဲ့ လမ်းခွဲပြီးနောက် ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြ၏။ ဆီဇာနေရဇ္ဇနဲ့ ဆန်းလည်း အငှားကားနဲ့ အပန်းဖြေအိမ်ကို ပြန်ရောက်လာလေသည်။ သစ်လွင်အမြွှာနဲ့ လင်းရဝေက အိမ်အထိ လိုက်ပို့ ပေးမယ်လို့ ပြောပေမယ့် ..."မင်းတို့မလိုဘူး ငါ့ဆန်း တစ်ယောက်လုံး ရှိတယ် ...ကိုယ့်လမ်း ကိုယ်သွားကြ ..."
"အားကိုးရှိတော့ ပြောထားဦးပေါ့ မင်း ..."
"အေး ပြောတယ် ဘာဖြစ်လဲ ..."
ဒီလိုမျိုး သူငယ်ချင်းတွေကို နှင်ထုတ်ပြီး ဆန်းနဲ့နှစ်ယောက်ထဲ အိမ်ပြန်လာဖြစ်သည်။ အိမ်ရောက်တော့ မိုင်းရဲ့အထုတ်အပိုးတွေ သိမ်းပေးတာကအစ ရေချိုးဖို့ ရေချိုးကန်ထဲမှာ ရေနွေးစပ်ပြီး ထည့်ပေးတာ အဆုံးထိ ဆန်းက အကုန်လုပ်ပေးနေလေသည်။
"ဆန်းရေ ကန်ထဲကို အမွှေးနံ့လေးပါ ထည့်ပေးဦးနော် ... ဘေးကစင်ပေါ်မှာ ငါသုံးနေကြ ပုလင်းရှိတယ် green teaလေး..."
ရေချိုးခန်းထဲမှာ ရှိနေတဲ့ ဆန်းကို အခန်းအပြင်မှာ ရှိနေတဲ့ မိုင်းက လှမ်းအော်နေတာပါ။
"ဆန်းရေ ငါ့ကို candle လေးတွေပါ ထွန်းပေးပါဦးကွာ ... အပေါ်က လော်ကာထဲမှာ ရှိတယ် သိလား အကုန်လုံး ..."
"အော် ...ပြီးတော့လေ ဆန်း...ဆပ်ပြာအမြှပ်များများနော် ..."
"ဆီဇာနေရဇ္ဇ မင်း ဒီနေ့ မှာတမ်းခြွေတာ ပြီးဦးမှာလား ..."
တစ်ခုပြီး တစ်ခုဆက်တိုက် ခိုင်းစေနေတော့ ရေချိုးခန်းထဲက တစ်ယောက်က စိတ်တိုစပြုလာလေသည်။ စေတနာထားပြီး လုပ်ပေးနေတဲ့သူကို ငြိုငြင်လာအောင် တမင်များ လုပ်နေလေသလားပဲ။
"ဘာလို့လဲ ဒါလေး ခိုင်းတာကို ..."
ရေချိုးခန်း အပေါက်ဝမှာ သွားရပ်ပြီး ဆန်းကို သူပြောလိုက်သည်။
"ကန်ထဲကို အမွှေးနံ့ဆီထည့်တာ ထားလိုက်တော့ candle တွေက ဘာလို့ ထွန်းရတာလဲ ...အပိုတွေ လျောက်လုပ်နေတယ် ..."
YOU ARE READING
သဏ္ဍာန်ဆန်း
Romance(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own story (Started On _ 5/July/ 2020) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ေ...