P_33 (U)

42.5K 5.1K 332
                                    

ချစ်သူတွေတော့ ချစ်သူတွေပဲ။
ဒါပေမယ့် ရွှေလက်တွဲပြီး ‌ပေါ်ပေါ်ထင်ထင် တွဲသွားတွဲလာ လုပ်လို့မရတဲ့ ချစ်သူတွေပေါ့။ သူတို့က ဘာနဲ့တူသလဲဆိုရင် ခိုးကြောင်ခိုးဝှက် တွေ့နေရတဲ့ တိတ်တိတ်ပုန်း သမီးရည်းစားတွေလိုပါပဲ။ ချစ်ရတာလည်း ပြဿနာတစ်ခု။ တွေ့ရတာလည်း ဒုက္ခတစ်ခု။
အခုလည်း လျောက်လည်ကြမယ် ထွက်ခဲ့ဆိုပြီး မိုင်းရဲ့ ချိန်းဆိုမှုကြောင့် မြို့လည်ကောင်က လူအစည်ဆုံးနေရာကို ဆန်းက ရောက်လာရသည်။ ဒီနေရာဟာ လည်ပတ်လို့ အကောင်းဆုံးနေရာတစ်ခု။ အမျိုးအစား စုံလင်လှသော စားသောက်ဆိုင်တွေနဲ့ လိုချင်သမျှ ပစ္စည်းတွေကို ဝယ်ဖို့ ကုန်တိုက်တွေလည်း ရှိသည်။

လမ်းမကြီး တလျှောက်မှာ လမ်းဘေးဈေးဆိုင်ငယ်လေးတွေကလည်း အပြည့်ပါပဲ။
Sunday မို့ Public ရင်ပြင်ကျယ်မှာ ဂီတဖျော်ဖြေပွဲတွေနဲ့ စကိတ်အလှစီး ပြိုင်ပွဲတွေ၊ စက်ဘီးစတန့်ပွဲတွေလည်း ရှိ၏။ အဲ့ဒါတွေအပြင် အပျော်တမ်း dance ပွဲတွေနဲ့ မျက်လှည့်ပွဲတွေပါ ရှိသေးသည်။ ဆန်းက ထိုလမ်းမကြီးရဲ့ အဝင်ဝဘက် ပန်းခြံငယ်လိုလို နေရာတွင် ရှိနေတာဖြစ်သည်။ လူတွေထိုင်ရန် ပြုလုပ်ပေးထားတဲ့ အုတ်ခုံတစ်နေရာမှာ တစ်ယောက်ထဲ မိုင်းကို ထိုင်စောင့်နေမိပါသည်။
တကယ်တော့ ဆန်းက ဒီလိုလူတွေအရမ်းများတဲ့ နေရာတွေကို သိပ်သဘောမကျပေ။ မိုင်းက ခေါ်တာမို့သာ မိုင်းအလိုကို လိုက်မိတာပါ။
ကျောင်းမှာလည်း ကျောင်းမှာမို့ ခိုးတွေ့ရသည်။
အပြင်မှာလည်း အပြင်မှာမို့ ပြေးတွေ့ရသည်။ ဒီနေ့ကျတော့ နောက်ဆုံးစာမေးပွဲတွေလည်း ပြီးခဲ့ပြီမို့ အပြင်ထွက်လည်ကြခြင်းသာ။

"ဒါက ဘယ်လိုဖြစ်လာတာလဲ ..."

တစ်ယောက်ထဲ ငေးငိုင်နေခိုက် အနားကို မိုင်းကရောက်လာလေသည်။ ဆန်း ဝတ်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီး မိုင်းက အလိုမကျ ဖြစ်နေတာပါ။

"မနေ့က နီနီနဲ့ မင်းကို အဝတ်အစားတွေ ထည့်ပေးလိုက်တယ်လေ ...ငါနဲ့ဆင်တူဝတ်ဖို့ ပေးလိုက်တာကို ဘာလို့ဝတ်မလာရတာလဲ ...
အဲ့ဒီ့အဝတ်အစားတွေက မင်းကို လက်သုတ်ဝတ်လုပ်ဖို့ ပေးလိုက်တယ် ထင်နေတာလား သဏ္ဍာန်ဆန်း ..."

သဏ္ဍာန်ဆန်းWhere stories live. Discover now