လင်းရဝေ ❤ သုတဟန်

29.1K 2.8K 159
                                    


(ရဝေနဲ့ သုတတို့ အကြောင်းလေးကို ဇာတ်လမ်းတစ်ခုအနေနဲ့ ဖော်ပြမှာ မဟုတ်ပါဘူးနော်။
ဒီတိုင်းပဲ momentလေးကို ရေးပေးတာပါ။
Side story အနေနဲ့ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဖတ်ဖို့ လက်ဆောင်လေးပါပဲ။  💛)

/
/
/

အချစ်က လိုက်လေ ဝေးလေ ပြေးလေပါပဲ။
အဲ့ဒီ့စကားက မှန်တယ်လို့ သင်တို့ ထင်ပါသလား။
ကြုံဖူးတဲ့ သူတွေကတော့ မှန်တယ်လို့ပဲ ပြောကြပါလိမ့်မယ်။
တချို့အချစ်တွေက ‌ဒီလိုမျိုး ကြောက်လန့်တကြား ထွက်ပြေးလေ့ရှိကြတယ်။

မုန်းလို့ ထွက်ပြေးတာလား ?
မချစ်သင့်လို့ ထွက်ပြေးတာလား ?
ဒီလူကို လုံးဝသဘောမကျလို့ ထွက်ပြေးတာလား ?

သုတဟန်အတွက်ကတော့ ဒီအချက်တွေနဲ့ တစ်ခုမှ မငြိနေပါဘူး။
ဒါဆို သူဘာလို့ ထွက်ပြေးနေသလဲ ?

ဒီမေးခွန်းရဲ့ အဖြေအတွက် ရဝေကိုယ်တိုင်လည်း နားမလည် ဖြစ်နေရသည်။
သဏ္ဍာန်ဆန်းရဲ့ သတင်းပေးမှုအရတော့ သုတဟန်က ရဝေ့အပေါ် စိတ်ဝင်စားမှု ရှိနေ‌တယ်တဲ့လေ။
ဒါဆို ချစ်ခွင့်ပန်ထားပြီးတာတောင်မှ ဘာလို့ ပြေးမြဲ ပြေးနေဆဲလဲ ?

ဒီနေ့တော့ သေချာမေးကြည့်ဖို့ စိတ်ဆုံးဖြတ်ထားတာမို့ သုတဟန် အလုပ်လုပ်နေတဲ့ မိုင်းတို့ company ရှေ့မှာ သွားစောင့်နေလိုက်သည်။
(A/N_သုတဟန်က ကျောင်းပြီးတော့ မိုင်းဆီမှာ အလုပ်ဝင်လုပ်နေတာပါ။ HR Manager ပါနော်။)

အလုပ်ပြန်မယ့် အချိန်ကို တမင် လာစောင့်နေလိုက်သည်။
အချိန်သိရဖို့ကတော့ မိုင်းဆီကို ဖုန်းလှမ်းဆက်ထားပြီးသားပင်။
Company ရှေ့ရောက်နေပြီးမှ သူ့ဆီ ဝင်မတွေ့၍ မိုင်းဆဲတာလည်း သူခံလိုက်ရသေးသည်။

သိပ်အကြာကြီး မစောင့်လိုက်ရပါ။ သုတဟန် company ထဲကနေ ထွက်လာပါ၏။
ချစ်မိနေတဲ့ ကောင်လေးက အဖြူရောင် ကော်လံပါ ရှပ်လက်ရှည်လေးနဲ့ မီးခိုးရောင် စတိုင်ပန်ဘောင်းဘီလေးကို တွဲဝတ်ထားသည်။
အင်္ကျီအနားစတွေကို ဘောင်းဘီထဲ ထည့်ဝတ်၍ ကျောပိုးအိတ်လေး တစ်လုံးလည်း လွယ်ထားသေးသည်။

လုပ်ငန်းခွင်ဝင်နေတဲ့ ယောင်္ကျားတစ်ယောက်က  ကျောင်းမပြီးသေးတဲ့ တက္ကသိုလ်ကျောင်းသားနဲ့ ပိုတူနေ၏။

သဏ္ဍာန်ဆန်းWhere stories live. Discover now