"အစ်ကိုလေး နာမည်နဲ့ စာအိတ်တစ်ခု ရောက်နေပါတယ် အစ်ကိုလေး ..."
ဝဏ္ဏအောင် တစ်ယောက် အပြင်သွားရာကနေ အိမ်ပြန်ရောက်တော့ အိမ်အလုပ်သမားဆီမှ အသိပေးစကားကို ကြားလိုက်ရပါသည်။
"အင်း ဘယ်မှာလဲ ...ဘယ်သူက ပို့တာလဲ ..."
"အဲ့ဒါတော့ မသိပါဘူး အစ်ကိုလေး ...စာအိတ်ကတော့ အစ်ကိုလေး အခန်းထဲက စားပွဲပေါ်မှာပါ ..."
"ငါ့ဆီကို ဘယ်သူက စာအိတ် တကူးတက လှမ်းပို့လာတာလဲ ..."
တစ်ယောက်ထဲ ရေရွတ်ပြီး အပေါ်ထပ်ကို တက်လာမိ၏။ အခန်းထဲရောက်တော့ ရေအရင်ချိုးဖြစ်သည်။ ပြီးတော့ ဝိုင်တခွက်နဲ့ အနားယူနေမိလေရဲ့။ နောက်တော့မှ စာအိတ်ကိစ္စကို သတိရမိပြီး သွားယူလိုက်လေသည်။ စာအိတ်ပေါ်မှာ ကောင်းသစ်လွင် နာမည်ကို တွေ့လိုက်ရပါ၏။
"ဒီကောင်က ငါ့ဆီကို ဘာလို့ ပို့တာလဲ ...စာတတန် ပေတတန်နဲ့ ..."
ဝိုင်ကို အရသာခံပြီး အနည်းငယ် မော့လိုက်သည်။ ပြီးတော့ ဝိုက်ခွက်ကို စားပွဲအစွန်း တနေရာမှာ ခဏလှမ်းတင် ထားလိုက်လေသည်။ စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့နောက် မြင်လိုက်ရသော အရာတွေက လူကို ပျာသွားစေ၏။
"ဘာတွေလဲ ဒါက ..."
ဓာတ်ပုံတွေ ဖြစ်နေ၏။ ဆီဇာနေရဇ္ဇနဲ့ သူ့ချစ်သူ ကောင်မလေးတို့ ကလပ်တစ်ခုမှာ ပွေ့ဖက်နေတာကို ရိုက်ထားတဲ့ ပုံတွေပါ။ ပြီးတော့ အိပ်ရာထဲမှာ အတူ အိပ်နေကြတဲ့ ပုံတွေလည်း ပါဝင်နေ၏။ ဒေါသဟာ ရေချိန်အမြင့်ဆုံးမှာ။
"တောက် ...ဆီဇာနေရဇ္ဇ ..."
USမှာ ဆီဇာနေရဇ္ဇ ကျောင်းသွားတတ်နေသည်လို့ သူသတင်းရထားပြီးသားပင်။ နေထိုင်ရာ တူကြပေမယ့် ဒီနှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ မတော်တဆတော့ မဖြစ်နိုင်ပေ။ ဆီဇာနေရဇ္ဇရဲ့ အကြံအစည်တွေ ဖြစ်နေနိုင်ပါသည်။ ဒါကြောင့်လည်း ကောင်းသစ်လွင်ဆီကနေ သူ့ဆီကို ရည်ရွယ်ချက်ရှိရှိ ပို့ပေးလိုက်တာပါ။
ဓာတ်ပုံတစ်ခုရဲ့ အနောက်ဘက်မှာ ရေးထားတဲ့ စာအချို့ကိုလည်း သူတွေ့လိုက်ရပါသည်။"ဓာတ်ပုံလေးတွေ မြင်ပြီဆိုရင် ဒီဖုန်းနံပါတ်ကို ဆက်လိုက် ...မင်း ဖုန်းဆက်လာမယ့် အချိန်ကို ငါစောင့်နေမယ် ...ဆီဇာနေရဇ္ဇ ..."
YOU ARE READING
သဏ္ဍာန်ဆန်း
Romance(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own story (Started On _ 5/July/ 2020) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ေ...