(U&Z)
(Part-15)ရဲ့ နောက်ဆုံးအခန်းမှာ သဏ္ဍာန်ဆန်း ပြောခဲ့ဖူးတဲ့ ဥတ္တရ အလင်းတန်းတွေ အကြောင်း အသေးစိတ်ကို သုတအနေနဲ့ သပ်သပ်တင်လိုက်တာပါနော်။
ဇာတ်ဝင်ခန်းတွေထဲမှာ အသေးစိတ်ပါအောင်လို့ ထည့်ရေးလိုက်ရင် ဇာတ်လမ်းရေးရတာ ထောက်ပြီး ဆောင်းပါးကြီးနဲ့ တူသွားမှာစိုးလို့ပါ။ သီးသန့်လေး ခွဲတင်ပေးလိုက်ပါတယ်။
ဘာလို့ ဒီအကြောင်းကို တင်ရသလဲဆိုတော့ နောက်ဆုံးအပိုင်းမှာ ပါဝင်လာမယ့် ဇာတ်ကွက်မို့လို့ပါ။***********************************
🍀 အခေါ်အဝေါ်များ 🍀
ကမ္ဘာ့မြောက်ဘက်စွန်းမှာ တွေ့ရတဲ့ အလင်းတန်းတွေကို Aurora Borealis _Northern Lights လို့ခေါ်ပြီး၊ ကမ္ဘာ့တောင်ဘက်စွန်းမှာ တွေ့ရတဲ့ အလင်းတန်းတွေကိုတော့ Aurora Australis_Southern Lights လို့ နာမည်ပေးထားကြပါတယ်။
Northern lights လို့သာ အများအားဖြင့် ခေါ်ကြသလို အတိုကောက်အနေနဲ့ အော်ရိုရာ aurora လို့လည်း ခေါ်ကြပါသေးတယ်။
Aurora အလင်းတန်း ဖြစ်စဉ်တွေကို
ကမ္ဘာ့မြောက်ဘက်စွန်းနဲ့ တောင်ဘက်စွန်းဒေသတွေမှာပဲ အများဆုံး တွေ့နိုင်ပါတယ်။***********************************
🍀 Northern lights ဆိုတာ ဘာလဲ 🍀
ညကောင်းကင်ယံမှာ လှပစွာ ဖြာထွက်နေတဲ့ ရောင်စုံ အလင်းတန်းများကို ခေါ်ဆိုခြင်းပါ။
Aurora တွေရဲ့အလင်းတန်းတွေဟာ ကမ္ဘာ့မြေမျက်နှာပြင် အထက် မိုင် 60 နဲ့ 400 လောက်မှာ ဖြစ်ပေါ်လေ့ရှိပါတယ်။Nothern Light က ပေါ်ဖို့ခက်ပါတယ်။ ပေါ်ပြီဆိုရင်လည်း အမြဲပေါ်နေတာမျိုးလည်း မဟုတ်ဘူး။ တခါပေါ် ရင် အကြာဆုံး နာရီဝက်လောက်ပါပဲ။
ပေါ်တဲ့အခါကျရင်လည်း ကောင်းကင်ပေါ်မှာ ကနေသလိုမျိုး လွင့်နေသလိုမျိုး ပေါ်လိုက် ပျောက်လိုက် ပြေးနေတာပါ။
သဘာဝတရားကြီးက မှော်ဆန်ပါတယ်။***********************************
🍀 Northern lights ဘယ်လို ဖြစ်ပေါ်လာသလဲ 🍀
နေလုံးကြီးကနေ ပေါက်ကွဲထွက်လာတဲ့ Electrons နဲ့ Protons အမှုန်လေးတွေက ကမ္ဘာလေထုထဲကို ရောက်ရှိလာပြီး၊ လေထုထဲက Oxygen, Nitrogen မော်လီကျူးတွေနဲ့ ပွတ်တိုက်ရာကနေ Aurora အလင်းတန်းတွေဖြစ်ပေါ်လာတာပါတဲ့။
YOU ARE READING
သဏ္ဍာန်ဆန်း
Romance(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို ထူးခြားလွန်းတယ် ...။ Boy Love , own story (Started On _ 5/July/ 2020) သူဟာ အဆုံးမရှိတဲ့ လွတ်လပ်ခြင်းတွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ေ...