P_3 (U)

60.5K 6.7K 279
                                    

ရာသီဥတုက သာ၏။ မပြင်းရှသော နေရောင်ခြည် ဖျော့ဖျော့နဲ့ ကောင်းကင် ပြာပြာကြီးလည်း ရှိနေသည်။ တိမ်စိုင်တွေကလည်း သူ့နေရာနဲ့သူ လှလှပပ ဟိုတစ်စု ဒီတစ်စု။

H.V University ရဲ့ အားကစား ကွင်းကြီးထဲမှာ ကျောင်းသားတွေ အတော်များများ ရှိနေကြသည်။ အထူးသဖြင့် Business Administration major က ကျောင်းသားတွေ ပိုများနေ၏။ ဒီနေ့ ကစားမယ့် ဘောလုံးပွဲမှာက အဲ့ဒီ့မေဂျာရဲ့ စီနီယာ ဂျူနီယာတွေ ပါဝင်နေတာ ကြောင့်လည်း ဖြစ်သည်။ ပြီးတော့ တခြားအကြောင်း ကိစ္စကြောင့်လည်း ရှိနေ၏။

"ဟဲ့ ဒီဘောလုံးပွဲမှာ ဆီဇာနေရဇ္ဇတို့ အုပ်စု လာကစားမှာဆို ..."

"အေး ဟုတ်တယ် သတင်းကြားလို့ ...ကျောင်းရဲ့ visual တွေကို ကြည့်ရဖို့အတွက် ငါတို့မှာ တခြားမေဂျာ ကနေတောင် လာပြီး အား‌ပေးတာ..."

"ကွယ်ကူ မနေဘူးဘဲ အဟား ဟား..."

"ကျောင်းသူတွေပဲ များနေတာ မဟုတ်ဘူးဟ ...ကျောင်းသားတွေလည်း များလှချည်လား ..."

"များမှာပေါ့ဟဲ့ ဟိုမှာ နီနီသစ်လွင်ပါ လာအားပေးနေတာ မမြင်ဘူးလား ..."

ကျောင်းရဲ့ အလှနတ်ဖုရားမလေး နီနီသစ်လွင် တစ်ယောက်လုံးက ပွဲကြည့်စင်ဘက်မှာ ရှိနေမှတော့ ပုရိသ ကျောင်းသားတွေ ရောက်လာကြတာ မဆန်းပေ။

"ဟဲ့ ဟဲ့ ဟိုမှာ ဆီဇာနေရဇ္ဇတို့ ရောက်လာပြီ ..."

အားကစားဝတ်စုံ လိ‌မ္မော်နုရောင်နဲ့က Business Administration major မှ အဖွဲ့ဖြစ်ပြီး အစိမ်းနုရောင်နဲ့က Business Law majorမှ  အဖွဲ့ဖြစ်သည်။ ဘောလုံး ကန်မယ့် နှစ်သင်း လုံးက ကွင်းထဲကို ရောက်လာကြ၏။ ‌အားလုံး မျှော်လင့်နေတဲ့ ဆီဇာနေရဇ္ဇ တို့ သုံးယောက်က လိမ္မော်နုရောင် အားကစားဝတ်စုံ ဆင်တူနဲ့ အတော်လေး ထင်ပေါ် နေခဲ့လျက်။

"အဝေးက လှမ်းကြည့်တာတောင် သူတို့ သုံးယောက်လုံး ပုံစံက ထင်းနေတာပဲ ... အသားက ဖြူဖြူ လိ‌‌မ္မော်‌ရောင်လေးတွေနဲ့ ..."

"အစိမ်းရောင် ဝတ်ထားလည်း ကြည့်ကောင်းနေမှာပဲဟ ... visual ရဲ့ပါဝါက ဖုံးကွယ်လို့မှ မရတာ ..."

နာမည်ကျော် ကျောင်းသား သုံးယောက်က ပွဲကြည့်စင်တွေ ဘက်ကို လျောက်သွားကြပြီး သူငယ်ချင်းဖြစ်သူ နီနီသစ်လွင် ဆီသို့။ သူတို့ လေးယောက် ဆုံသွားတော့မှ ပို၍ ပြောစရာ ဖြစ်သွားခဲ့သည်။

သဏ္ဍာန်ဆန်းWhere stories live. Discover now