P_37 (U)

39.7K 4.6K 126
                                    

ဒီနေ့ မိုင်းနဲ့ အွန်လိုင်းမှာ Video call ပြောဖြစ်ကြသည်။ နှစ်ယောက်သား laptopရှေ့မှာ ထိုင်နေကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ထိုင်ကြည့်နေကြ၏။ မိုင်းက ဘာစကားမှ စ,မပြောဘဲ ဖုန်းခေါ်ပြီးထဲက ဒီအတိုင်း မျက်နှာတည်တည်နဲ့ ဆန်းကို ကြည့်နေတာပါ။
ဆန်းကလည်း မိုင်းအခြေအနေကို အကဲခတ်နေမိပါသည်။ ဟိုသုံးယောက် အုပ်စုဆီကနေ သတင်းတွေက ရထားပြီးသားပင်။ သူ့ရဲ့ ပြဿနာတွေကို မိုင်းက သိသွားခဲ့ပြီတဲ့လေ။ ဒါပေမယ့် အခုကျတော့ ဘာမှ မပြောသေးပေ။

"မင်း ငါ့ကို စိတ်ဆိုးနေတာလား မိုင်း ..."

"ဖြစ်သင့်တာပဲလေ ..."

အခုချိန်လောက်ဆိုရင် ဟိုသုံးယောက်ဆီကနေ ဆန်းလည်း သိနေလောက်ပြီလို့ မိုင်းထင်ထားပါသည်။ ဒါကြောင့် စကားတွေရဲ့ အဓိပ္ပာယ်ကို အလိုလို နားလည်နေခဲ့၏။

"မင်း ဒီလိုတွေ ဖြစ်နေတာကို ငါ့ကို ပြောပြသင့်တယ် ...ငါတို့က ဘယ်လိုပတ်သက်မှုတွေလဲ ဆန်း ...ငါ့မှာ ဒီလောက်လေးတောင် သိခွင့်တွေ မရှိရတော့ဘူးလား ..."

"မဟုတ်ဘူးလေကွာ ...ငါက မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ပါ ..."

"မင်းက ငါ့အတွက် ဝန်ပိုတစ်ခု မဟုတ်ဘူး ဆန်း ...မင်းက ငါ့ရဲ့ အရာရာပဲ ...မင်း ခံစားနေရတာက ငါခံစားနေရသလိုပဲ ...မင်း နာကျင်ရတာက ငါနာကျင်နေရသလိုပဲ ..."

မိုင်း သူ့ကို ဘယ်လောက်ထိ ချစ်သလဲ သူသိသည်။ ပြီးတော့ မိုင်းရဲ့ တဇွတ်ထိုး လုပ်တတ်တဲ့ စိတ်တွေကိုလည်း သူသိသည်။

"မင်း အဖေကို ခြိမ်းခြောက်တယ်ဆို ..."

"ဟိုသုံးယောက်ထဲက ဘယ်သူပြောပြတာလဲ ဒါကို ..."

ဆန်းကို ကောင်းသစ်လွင် ပြောပြတာပါ။

"မလိုအပ်တာဆိုရင် သတင်းပို့မြန်တဲ့ ဟာတွေ ...ငါ့ဆန်း ဒုက္ခရောက်နေတာကျတော့ သတင်းမပို့ဘူး ...ကြည်သာ,သာ ငါ့ကိုမပြောပြရင် ဘယ်အချိန်ထိ ငါက မသိဘဲ နေနေရမှာလဲ ...ကျောင်းပြီးလို့ ပြန်လာရင် မင်းအရိုးနဲ့ အရေပဲ ငါမြင်ရတော့မှာ ..."

"ဟာ ..."

ပြောချလိုက်တဲ့ စကားက အဆုံးထိ။ ဆန်း ရယ်ချင်သွားရ၏။

သဏ္ဍာန်ဆန်းWhere stories live. Discover now