Uni
Win သတိရလာတဲ့အချိန် အရင်ဆုံးတွေးမိတာက Bright အဆင်ပြေပါ့မလား ဆိုတဲ့အကြောင်း ပေါ့
သူ့ရဲ့ ဒဏ်ရာတွေရဲ့နာကျင်မှုကိုမေ့ပျောက်ပြီး ချစ်ရတဲ့သူကိုသာ နိုးနိုးချင်းစိတ်ပူနေမိတယ် အိပ်ရာထဲက ထထချင်း မင်းအကြောင်းပဲ အရင်တွေးမိပါတယ် ချစ်ရသောရယ် စိတ်ပူစိတ်ကြောင့် ကမန်းကတန်းနဲ့ မျက်နှာသစ်ပြီး Brightရဲ့အိမ်ကို သွားဖို့လုပ်ခဲ့တယ် ဒါမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ရင်ဘတ်ထဲမှာ သွေးစိမ်းတွေစီးကျနေသလို နာကျင်ရတယ် Bright က Prim နဲ့အတူ ကားပေါ်ကဆင်းလာတယ် ဝတ်စုံအပြည့်နဲ့ ချစ်ရသူက တကယ်ကို ကြည့်ကောင်းလွန်းတယ် ပြီးတော့ နားစွန်နားဖျားကြားလိုက်ရတာက လက်ထပ်တော့မယ်တဲ့ Win လည်းစိတ်တိုပြီး Bright ရဲ့လက်ကိုဆောင့်ဆွဲကား ထွက်လာခဲ့ပြီး စကားပြောခဲ့တယ်Bright-Win ဘာလို့ ငါ့ကို ဆွဲခေါ်လာတာလဲ
Win- မင်းနဲ့ ပါပါးရဲ့အပေးအယူ ဆိုတာကို ငါသိပြီးသားပါ အဲ့တာကြောင့် သူ့နားအဲ့လောက်မကပ်ပါနဲ့
Bright- အပေးအယူဆိုတာကိုသိတယ်ပေါ့ ဟုတ်တယ် အစကတော့ အပေးအယူလုပ်ဖို့ သွားခဲ့တာ ဒါမယ့်လေ သူပြောတာမှန်တယ် မင်းအဖေကို ငါလက်စားချေမှာ မင်းတို့က ငါ့ကို လူလိုသူလို ဆက်ဆံခဲ့ဖူးလား ခွေးတစ်ကောင်လိုပဲ ရိုက်နှက်ထားတာ လက်ထပ်မယ်ဆိုတာကိုလည်း ကြားမှာပါ ဒါမယ့် လိုပါသေးတယ် ဘွဲ့ရအောင် စောင့်အုံးမှာ နောက်အပတ်ထဲမှာ ငါတို့ စေ့စပ်ကြမှာ ဖိတ်ပါတယ် လာချင်ရင် လာခဲ့ ငါသွားလိုက်အုံးမယ် ငါ့ကလေးလေး စောင့်နေတယ်
ခေါင်းကို ဆတ်ခနဲခါပြီး လှည့်ထွက်လာခဲ့တယ် ပြီးတော့မှ ခြေလှမ်းတွေကို ရပ်လိုက်ပြီး
Bright- မင်းဒဏ်ရာတွေက အနားယူသင့်တယ် အပြင်မထွက်သင့်သေးဘူး ပိုးဝင်နိုင်တယ် အိမ်ထဲဝင်တော့
သွေးအေးအေးနဲ့ပြောပြီးထွက်သွားတာ နောက်ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး အဲ့နောက်တော့ ကားပေါ်တက်ပြီး Prim နဲ့အတူပါသွားတယ် ကားပေါ်က Prim က လှောင်ပြုံး ပြုံးပြတယ်
Win အိမ်ထဲကို ရောက်လာပြီး ခနအကြာ ဟိုသုံးကောင်လည်း ရောက်လာကြတယ်
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...