Part-21

716 54 8
                                    

Uni

Top သတိရလာတဲ့အချိန် အိမ်တစ်အိမ်လုံး ကို့ရို့ကားယားတွေကို ဖြစ်လို့ တစ်ယောက်ကလည်း အကိုလေးနိုးလာပြီ ဆရာဝန်ခေါ်ခိုင်းတဲ့သူရယ် နောက်တစ်ယောက်ကလည်း အကိုလေး ခေါင်းကိုက်လား ဘာညာနဲ့ မေးခွန်းပေါင်းစုံကို စက်သေနတ်ပစ်သလို မေးနေတဲ့သူတွေရယ် ရေတွေ အတင်းသောက်ခိုင်းနေတဲ့သူတွေရယ် ရှုပ်ယှက်နေတာပဲ

Top- oiiiii အေးအေးဆေးဆေးနေပါရစေအုံး ရှုပ်ရှုပ်ယှက်ယှက်တွေနဲ့ သွားသွား အပြင်ထွက်ကြ ငါအဆင်ပြေတာမို့ သွားကြပါ နင်တို့လုပ်လို့ ခေါင်းကိုက်လာပြီ

အားလုံးလည်း ကြောက်ကြောက်နဲ့ ထွက်သွားကြတယ် သူတို့အကိုလေးက အမြဲအေးအေးလေးနေတတ်တဲ့သူ အခုတော့ သူတို့ကို အော်လွှတ်လိုက်တာ လွင့်ထွက်ခါနီးနီးပဲ Top နိုးနိုးလာချင်း အဲ့လောက်စိတ်တိုနေရတဲ့အကြောင်းကတော့ သူသတိရလာလို့ တစ်အိမ်လုံးယောက်ယက်ခက် နေချိန် Mike ဆိုတဲ့ အကောင်ကတော့ Win ရဲ့အခန်းထဲမှာ ခြေကားယား လက်ကားယားနဲ့ အိပ်နေလိုက်တာ တစ်အိမ်လုံး ဝုန်းဒိုင်းကျဲနေတာတောင် မနိုးဘူး
Top သူနိုး နိုးလာချင်း Mike ကိုရှာခဲ့ပေမယ့် သူမျှော်လင့်ထားသလို မဟုတ်တာကြောင့် ဝမ်းနည်းရတယ်

Top-Mike ကလည်း အိပ်နေလိုက်တာ တစ်အိမ်လုံး ဗြောင်းဆန်နေတာတောင် မနိုးဘူး

Win- မင်းက နှစ်ရက်တောင် အိပ်နေတာလေ သူက နှစ်ရက်လုံး မအိပ်ရဘူးလေ စဉ်းစားအုံး

Top- နှစ်ရက်လုံး မအိပ်ဘူးဆိုတာက???

Fong-ဟုတ်တယ်အကိုရဲ့ အကို သတိလစ်နေတဲ့ နှစ်ရက်လုံး မအိပ်ပဲနဲ့ အကို့ဘေးမှာပဲ နေ နေတာ ကျွန်တော်တို့ စောင့်ပေးမယ်ဆိုလည်းမရဘူး ကုတင်ဘေးကနေကို ခြေတစ်လှမ်းမခွာ

Ohm-ဟုတ်တယ် အစာတောင် မနဲကျွေးရတယ်ဗိုက်မဆာဘူး ချည်းပြောနေလို့

Top- အော် အဲ့လိုလား *ငါအထင်လွဲခဲ့မိတာပဲ ငါတောင်းပန်ပါတယ် ငါက မင်းငါ့ကို ဂရုမစိုက်ဘူး ထင်ခဲ့မိတာ*

Win- ဒါဆိုရင်လေ မင်းနဲ့ငါက ညီအကိုပေမယ့် ညီအကို မဟုတ်ဘူးပေါ့

Top- မဟုတ်ဘူး မင်းနဲ့ငါနဲ့ သွေးသားမတော်စပ်ရင်တောင် မင်းက ငါ့ညီပဲ ပါပါးနဲ့ တိုင်ပင်ပြီး ကျော်းကလူတွေကို မင်းကငါ့ညီဆိုတာ ပြောဖို့ စဉ်းစားထားတယ် ငါ့ညီWin က မင်းဆိုတာကို Famous ကုမ္ပဏီကြီးရဲ့ သားငယ် ပြီးတော့ နောင်တစ်ချိန် ပိုင်ရှင်သူဌေးကြီး ဖြစ်မယ့် သူပေါ့

dear neighbor🏘️👬 Tempat cerita menjadi hidup. Temukan sekarang