Uni
အားလုံးက စေ့စပ်ပွဲခန်းမထဲမှာ အလုပ်ရှုပ်နေချိန် Firstကတော့ ဥက္ကဌကြီးရဲ့အခန်းထဲမှာ အလုပ်ရှုပ်နေတယ် အံဆွဲတွေထဲကဖိုငမ်တွေ အကုန် လှန်လှောကြည့်ခဲ့ပေမယ့် အဂတိလိုက်စားထားတာနဲ့ ပက်သတ်ပြီး ဘာမှ ရှာမတွေ့သေးဘူး ရှာနေတာ တစ်နာရီနီးပါးရှိနေပြီ မတွေ့သေးတာမို့ သူတို့သားအမိကို အနိုင်တိုက်နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တောင် ပျက်စီးခါနီးနီးအချိန် အံဆွဲတစ်ခုရဲ့ အောက်ခြေကို ခေါက်ကြည့်လိုက်တော့ အခေါင်းပေါက်လို အသံမျိုးကြားရတယ် အောက်ပျဉ်ပြားကို ဖယ်ကြည့်ဖို့စဉ်းစားမိခဲ့ပေမယ့်
First- မဟုတ်သေးဘူး ငါဒါမျိုး ရုပ်ရှင်ထဲမှာမြင်ဖူးတယ် ငါဒီပျဉ်ပြားကို ဖယ်လိုက်တာနဲ့ တစ်ခုခုတော့ ဖြစ်မှာပဲ အောက်မှာ အပေါက်ရှိရမယ်
ရှာကြည့်လိုက်တော့ ထင်တဲ့အတိုင်း ဘောပင် မင်ချောင်းလောက်သာရှိတယ် အပေါက်လေးတစ်ပေါက် အင်္ကျီအိတ်ထဲမှာပါတဲ့ ဘောပင်ရဲ့ မင်ချောင်းကို ထုတ်ပြီး အပေါက်ထဲကို ထိုးလိုက်တော့ ပျဉ်ပြားလေးက မြောက်လာတယ် အဲ့အခါကျမှ ပျဉ်ပြားလေးကို ဆွဲမလိုက်တော့ ကာဗာမပါတဲ့ ဓာတ်ကြိုးတွေ အလယ်မှာ ဖိုင်တစ်ခု
First- ငါသာဒီတိုင်းဆွဲမခဲ့ရင် ဓာတ်လိုက်ပြီး ဒီနေရာတင်အသက်ထွက်မယ့်ကိန်းရှိတယ်
ဖိုင်ကို ယူပြီးကြည့်လိုက်တော့ Prim တို့အဖေ မသေ ခင်ကတည်းက လာဘ်စားထားတာတွေမှ အများကြီး အပြင်ကခြေသံကြားတာကြောင့် ဖိုင်ကို အထဲကို အမြန်ပြန်ထည့် အားလုံးကို နေရာတကျပြန်ထားပြီး တံခါးနောက်မှာ ပုန်းနေခဲ့ရတယ် ဘောပင်မင်ချောင်းလေးကတော့ ကြမ်းပြင်မှာ ပြေးယူဖို့လုပ်ခဲ့ပေမယ့် လူတစ်ယောက်က ဝင်လာခဲ့တယ် အဲ့ဒါက ဥက္ကဌကြီး Jennie
Jennie- ဒါဆို သူတို့ဘာပြောလဲ မင်းမကြားခဲ့ရဘူးပေါ့
Man- ဟုတ်ကဲ့
Jennie- အသုံးမကျလိုက်တာ Bright နဲ့စကားပြောတာတော့ သေချာတယ်ပေါ့
Man- သေချာပါတယ်
Jennie- ကောင်းပြီ မင်းအဲ့မှာ ဆက်ပြီး နေလိုက်အုံး ငါသတင်းတွေလိုချင်သေးတယ် မင်း ပိုက်ဆံကိစ္စတော့ မပူနဲ့ မရိပ်မိအောင်သာနေ
ESTÁS LEYENDO
dear neighbor🏘️👬
FanficUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...