Uni
Bright အခန်းထဲမှာနေ နေရတာ လေးရက်ရှိပြီ ထမင်းလည်းမစားရသေး ရေလည်းမသောက်ရသေး အပြစ်ကို စဉ်းစားခိုင်းထားပေမယ့် သူ့အပြစ်က စာခိုးချတာလို့သာ ထင်နေတဲ့အတွက် အဖြေမှန်ကို သူမသိသေးဘူး
Bright- ဖေကြီး သား တောင်းပန်ပါတယ် စဉ်းစားမရတော့ဘူး
သူအစွမ်းကုန် အော်ပြောပေမယ့် သူ့အသံကို သူကိုယ်တိုင်တောင် မကြားရတော့ဘူး အာခေါင်ခြစ်ပြီး ညတိုင်း တောက်တဲ့သံ ကြားတိုင်းအော်တဲ့ Bright ရယ် ပြီးတော့ ခြံအစပ်နားက သူငယ်ချင်းတစ်စုရယ်
Fong- ဒီတိုင်းဆို အဲ့ကောင်သေသွားလိမ့်မယ်
Mike- ဟုတ်တယ် ငါတို့ဘာလုပ်ကြမလဲ
Ohm- ငါသိပြီ ခနစောင့်ကြ
ပြောပြီး ပြေးထွက်သွားတယ် နောက်ကနေFong လည်းလိုက်သွားခဲ့တယ် ပြီးတော့ ပြန်ရောက်လာတော့ လက်ထဲမှာကိုင်ထားတာက စာရွက်တွေရယ် ဘောပင်ရယ်
Win- ဘာလုပ်ဖို့လဲ
Ohm- အဖြစ်အပျက်တွေကို ငါတို့ပြောပြမယ်လေ ဒီမှာ အကြီးကြီးရေးရင် သူမြင်ရမှာပါ
Win- သူ့အခန်းက ဒီလောက်အလုံပိတ်နေတာ နေ့ခင်းဆိုရင်တောင် အလင်းဝင်မှာမဟုတ်ဘူး အော်ခေါ်လည်း သူ့ဖေကြီး ကြားမှာလေ
Mike- သူ့ပြတင်းပေါက်က မှန်တွေလေ အထဲကနေ လိုက်ကာချထားတာ မဟုတ်ဘူးလား
Win- အော် ဟုတ်တယ်ဟ အဲ့တာဆို အလင်းတော့ ဝင်မှာပဲ ငါတို့ဟိုဘက်ခြံထဲ ဝင်ကြမယ်
Fong- စာကို အဆင်သင့် ရေးထား အကြီးကြီးရေးမှာဆိုတော့ အများကြီးကုန်မှာ ငါထပ်သွားယူလိုက်အုံးမယ်
ယူလာလိုက်တဲ့ စာရွက်တွေများ စက်ရုံကြီးပဲ ဓားပြတိုက်လာလားမသိ
Win-ငါ့ကိုပင့်တင်ပေး အား...
Fong- ဘာဖြစ်တာလဲ ဟျောင့် သွေးတွေ
Ohm- တိုးတိုးလုပ် နိုးကုန်မယ်
Mike- ခြံစည်းရိုးနဲ့ ရှတာလား ရော့ ငါ့အင်္ကျီနဲ့ အရင် စည်းထားလိုက် ပြီးမှ ဆေးထည့်ကြမယ်
Win- အင်း
အားလုံး ဟိုဘက်ခြံထဲ ရောက်တော့မှ ပြတင်းပေါက်ကို ဖြေးဖြေးလေးခေါက်လိုက်တယ် ဒါမယ့် ဘာတုံ့ပြန်မှုမှမရှိ
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...