Part-47

557 44 11
                                    

Uni

ခေါင်မိုးပေါ်က လေဟာနယ်ထပ်ပေါ်မှာ လေတဖြူးဖြူးနဲ့ ညစာ စားနေကြတာလေးက နောက်နှစ်ပေါင်းများစွာလည်း မေ့မရအောင် ဖြစ်နေလိမ့်အုံးမှာ အသေအ‌ချာ
Noti တွေ ဆက်တိုက်တက်နေတဲ့ ဖုန်းတွေကို စက်ပိတ်ထားရင်း ရယ်ရယ်မောမောနဲ့ တစ်ယောက်ကို တစ်ယောက် ချီးကျူးစကားတွေ ဆိုနေခဲ့ကြတယ် အဲ့ကနေ ပြန်လာပြီး အခန်းထဲ ရောက်ပြန်တော့လည်း ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက်စိုက်ကြည့်နေကြပြန်တယ်

Win- ကိုကို ယုန်ပေါက်တို့ မနက်ဖန်ပြန်တော့မယ်

Bright- ပြန်တော့မှာလား 2ရက်ပဲ ရှိသေးတယ်လေ အလွမ်းမပြေသေးဘူး

Win- ယုန်ပေါက်ပြန်မှ ဖြစ်မယ် ကိုကို ကျောင်းစာတွေလည်းရှိသေးတယ်လေ

Bright- ရယ်ပြီးရင် တကယ် ငိုရတာပဲ မပျော်ချင်တော့ဘူး ပျော်ပြီးတိုင်း ဝမ်းနည်းရတယ်

Win- ကိုကို အဲ့လိုမတွေးပါနဲ့ ကိုကိုလည်း ပြန်လာလေနော် ယုန်ပေါက်လည်း အလွမ်းမပြေသေးဘူး ဒါမယ့်လည်း မတတ်နိုင်ဘူးလေ

Bright- အင်းပါ ဟုတ်ပါပြီ အိပ်ကြရအောင် ကိုယ် အဲ့တာတွေ မတွေးချင်ဘူး

Win- အင်း ဒါမယ့် လက်မှတ်ဖြတ်ပေးထားပါအုံး

Bright- အင်းပါ Green ကို လှမ်းပြောလိုက်မယ်

Win- အင်း အိပ်ကြမယ်

Bright- အင်း

ယုန်ပေါက်လေးကို ရင်ဘတ်ထဲထည့်ရင်း သူ့ကျောကို ပုတ်ပေးနေမိတယ် သူ့ကိုသိပ်ပေးနေသလိုပေါ့ ဒါမယ့် ကျွန်တော်ကတော့ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး ယုန်ပေါက်နဲ့ ခွဲရမှာကို တွေးမိတိုင်း ရင်လေးရတယ် ယုန်ပေါက် အိပ်ပျော်နေချိန် ကျွန်တော့်အခန်းရဲ့ ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေမိတယ် အရှေ့မှာ မှန်ပဲခြားထားတဲ့ မြို့ရှုခင်းက အထီးကျန်ဖို့ရာ လုံလောက်လွန်းတယ် အချိန်က 3နာရီ ခွဲနေပေမယ့် အခုထိ အိပ်မရသေးဘူး ပြောရရင် အိပ်ယာပေါ်မှာကို လှဲလို့မရတာပါ ကျွန်တော့်စိတ်တွေ ဂနာမငြိမ်တော့ဘူး ယုန်ပေါက်နဲ့ မခွဲချင်သေးဘူး

dear neighbor🏘️👬 Where stories live. Discover now