Part_25

679 62 10
                                    

Patt-25

Uni

Bright- မရတော့ဘူး ငါ Win ကိုသွားတွေ့ရမယ်

Mike- မင်းဘယ်လိုတွေ့မှာလဲ

Bright- သူ့အဖေကို သွားပြောမယ် ခိုင်းချင်းတာခိုင်း လုပ်ချင်တာလုပ်ပါစေ ငါ တွေ့ရမှ ဖြစ်မယ်

Ohm- ဟျောင့် ဒါမယ့်.......

ပြောရမယ့် စကားတောင် မဆုံးသေး ဒဏ်ရာကြီးနဲ့ အိမ်ပြင် ပြေးထွက်သွားခဲ့တယ်
Bright ကတော့ ဒဏ်ရာကြီးနဲ့ ခြံအကျယ်ကြီးကို ဖြတ်ပြေးနေရပြန်ပြီ အိမ်တံခါးဝကို ရောက်လာတဲ့ အချိန် ဗိုက်ကြွက်သားတွေ တစ်ဆစ်ဆစ်ကိုက်နေပြီ ခြေထောက်တွေကတော့ ခွေကျနေပြီ
တံခါးဝမှာ ငုတ်တုတ်ထိုင်နေတဲ့ Bright ကို လာထူပေးတဲ့သူက P'Eed

Eed- Brightသား အဆင်ပြေရဲ့လား လာ လာ

Bright- P'Eed ကျွန်တော် Win ကို တွေ့ချင်တယ် တွေ့လို့ရမလား

Eed- အခန်းသော့က အန်တီဆီမှာ မရှိဘူး မင်းတို့ တွေ့လို့မရလောက်ဘူး ဒါမယ့် စကားတော့ ပြောလို့ ရတယ် သူဌေးက အခန်းထဲမှာ အလုပ်လုပ်နေတယ် မြန်မြန်ပြောကြပေါ့

Bright- ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ်

Eed- မင်းတို့နှစ်ယောက်က ငါ့သားလေးတွေပါပဲ မင်းတို့ ငိုတာကို မကြည့်ရက်ဘူး လာ တိုးတိုးလုပ်

Win ရဲ့အခန်းရှေ့ရောက်တော့ သော့ခတ်ထားတဲ့ တံခါးကို မြင်ရတာတောင် ရင်ထဲ အောင့်လာတယ် တံခါးအဝမှာ ထိုင်ချလိုက်ပြီး တံခါးကို ထုလိုက်တယ်

Bright- Win ကိုယ်ပါ

Win- Bright မင်း ဘယ်လိုရောက်လာတာလဲ ပါပါးရော

Bright- အလစ်ကိုဝင်လာတာလေ မင်းကောင်လေးက တော်တယ်မလား

Win- ဘယ်လိုလူလဲ ဒီလိုအချိန်တောင် ဟာသပြောနေသေးတယ်

Bright- မင်းရီအောင်လို့ပါ  အဆင်ပြေရဲ့လား

Win- အင်း ပြေပါတယ် မင်းရော ဒဏ်ရာ သက်သာရဲ့လား မနားပဲနဲ့

Bright- မင်းအသံကြားရတာ က်သက်သာပါပြီ

Win- ဘယ်လိုလုပ်ကြမလဲဟင်  ပါပါးက တစ်ခုခုဆို တကယ်လုပ်မှာ

dear neighbor🏘️👬 Tempat cerita menjadi hidup. Temukan sekarang