Uni
Fong နဲ့ Ohmလည်းစိတ်ပူပြီး ရုံးခန်းကို လိုက်လာခဲ့တယ် ရုံးခန်းထဲမှာ ကြိုးတုပ်ခံထားရတဲ့ Prim ကိုမြင်တော့ ကြိုးဖြေပေးရင်း
Ohm- Winရော
Prim- ငါမသိဘူး တစ်နေရာရာ ကို ခေါ်သွားတာပဲသိတယ် အဲ့မှာ ကိုကိုလည်းရှိတယ် ကိုကိုသေတော့မှာ သူ့ကိုရိုက်နှက်ထားတယ် ဘယ်လောက်တားတားမရဘူး ကယ်ပေးပါအုံး
Fong- Brightကတော့ သေချင်သေပါစေ ထားလိုက် မကယ်ဘူး
Ohm- Fong
Fong- အင်းပါ မိန်းမရဲ့ ကယ်မှာ ကယ်မှာ
Prim- *ဘာလဲ သူတို့သူငယ်ချင်းတွေအကုန်လုံး အချင်းချင်းပတ်တွဲနေကြတာလားဟ *
Fong- မထဘူးလား
Prim- ထမှာပါ
Ohm- ဘယ်ကို သွားမယ်လို့ ကြားမိလဲ ဘယ်ကိုသွားမယ်ထင်လဲ
Prim- မာမီ ပိုင်တဲ့ စက်ရုံပျက်ကြီးတစ်ခုတော့ရှိတယ်
ကလင် ကလင် ကလင်
Fong- ဟယ်လို ဗျာ ဟုတ်လား ဟုတ်ကဲ့ ကျွန်တော်တို့လာခဲ့ပါ့မယ်
Ohm- ဘာသတင်းရလဲ ဘယ်သူလဲ ဘာတဲ့လဲ ဘယ်ကိုလာရမှာလဲ
Fong- မိန်းမ စိတ်အေးအေးထားပါအုံး Brightရဲ့အမေဖုန်းဆက်တာ Win ရဲ့အဖေက မှာသွားတယ်တဲ့xxxxxxx နေရာကို လာခဲ့ပါတဲ့ ရဲမခေါ်ခဲ့နဲ့တဲ့ ပြဿနာတက်လိမ့်မယ်တဲ့ Prim မင်းလည်း လိုက်ခဲ့ မင်းအမေကို တားပေး
Prim- အင်း သွားကြရအောင်
နောက်ဆုံးတော့ရောက်လာခဲ့တယ် Win တို့ပါပါးရယ် Topရယ် Jennie ရယ်က စကားပြောနေကြတယ် Bright ကတော့ သွေးအိုင်ကြီးထဲမှာ သတိလဲနေပြီး Win ကတော့ ခုံပေါ်ကနေ ကြိုးတုပ်ရက်သားနဲ့ Brightရဲ့ နာမည်ကို ခေါ်နေရင်း ငိုနေခဲ့တယ်
Prim- ကိုကို!!!!!
Prim အပြေးသွားခဲ့ပေမယ့် Jennie ကဖမ်းချုပ်ထားတယ်
Prim- မာမီ လွှတ်ပေး ဘာလို့ ကိုကို့ ကိုအဲ့လိုလုပ်ရတာလဲ သူသေသွားရင် ဘယ်လိုလုပ်မလဲ
Jennie- မသေပါဘူး သမီးလေးရယ် အဲ့ကောင်လေးက မာပါတယ် ဒီလောက်လေး ပညာပေးထားမှ သူက သမီးရဲ့အပိုင်ဖြစ်မှာပေါ့
VOCÊ ESTÁ LENDO
dear neighbor🏘️👬
FanficUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...