Part-19

703 67 12
                                    

Uni

အိမ်ကိုပြန်တဲ့ လမ်းတစ်လျှောက်လုံး Prim က Bright ရဲ့ဘေးမှာကပ်ထိုင်ပြီး အတင်းဖက်ပြီး ကပ်ချွဲနေတယ် မျက်နှာချင်းဆိုင်မှာ‌တော့ Win

Prim- ကိုကို ကလေး ဗိုက်ဆာတယ်

Bright- ငါက ဘာလုပ်ပေးရမှာလဲ ဖယ်ပါဟာ ပူတယ်

Prim- ကိုကို ကြည့်နေ ကိုကို ကလေးကို ချစ်လာစေရမယ်

ပြောပြီး Topနဲ့ နေရာချင်းလဲထိုင်လိုက်တယ် Top က Bright ရဲ့ဘေးကို ရောက်သွားတာကြောင့် Mike ကပါနောက်ကနေလိုက်လာရတယ် အခုတော့ ထိုင်ခုံနေရာတွေက အလာတုန်းကအတိုင်း ပြန်ဖြစ်သွားခဲ့တယ် ဒါမယ့် အခြေအနေ တွေကတော့မတူ အပြင်မှာတော့နေသာပြီး လေတစ်ဖြူးဖြူးတိုက်နေပေမယ့် Bright တို့ထိုင်ခုံနေရာပဲ ကွက်ပြီး လေးစိမ်းတွေတိုက်နေခဲ့တယ် 11နာရီလောက်ရထားစီးရတဲ့တစ်လျှောက် 11နာရီလုံး အချင်းချင်းစကားမပြောကြတော့ ဘေးမှာထိုင်နေတဲ့ Top နဲ့ Mike လည်း ငြိမ်ကုတ်ကုတ်လေးပဲနေ နေရတယ်

နောက်ဆုံး မနေနိုင်တော့‌တဲ့Mikeပဲ စကားစလိုက်တယ်

Mike- သူတို့မိဘတွေက အချင်းချင်းသိကြတာလား ဘယ်လိုမျိုးတွေလဲ မသိဘူးနော် သူတို့ကြည့်ရတာ ရန်ငြိုးတွေရှိပုံပဲ မင်းတို့ကော သိကြလား

Bright , Win- ငါက ဘယ်လိုလို့ သိမှာလဲ မင်းနဲ့တစ်ချိန်လုံး အတူတူရှိနေတာလေ

နှစ်ယောက်သား ပြိုင်တူအော်လိုက်တော့ အအော်ခံရတဲ့ Mike တင်မကပဲ ဘေးကလူတွေအကုန်ပါ လန့်သွားတယ် အအော်ခံရတဲ့ Mikeကတော့ ငိုတောင် ငိုချင်သွားတယ်

တကယ်တော့ တိတ်ဆိတ်နေခဲ့တာ သူတို့တင်မဟုတ်ပဲ မိဘတွေကအစ Fong နဲ့ Ohm အဆုံး ငြိမ်ကုတ်လို့ Fong  နဲ့ Ohm ကတော့ သူငယ်ချင်းတွေနဲ့ ပထမဆုံးအတူသွားရတဲ့ ခရီးကို စိတ်‌ကူးတွေ အများကြီးယဉ်ခဲ့ပေမယ့် ပန်းခင်းကြီးထဲမှာတောင် 1နာရီပြည့်အောင် မနေပဲ ပြန်ထွက်လာရတယ် ချင်းမိုင်မှာ 2ရက်လောက်နေဖို့ စဉ်းစားပေမယ့် 1ရက်တောင်ပြည့်အောင် မနေလိုက်ရပဲ ချက်ချင်းပြန်လာရတယ် Prim ကိုစိတ်တိုတစ်ဝက် ဝမ်းနည်းတစ်ဝက်ပေါ့

နောက်ဆုံတော့လည်း ဘန်ကောက်ကို ည7နာရီ ဝန်းကျင်လောက်ပြန်ရောက်လာတယ် ပြန်ရောက်လာပြန်တော့လည်း သူငယ်ချင်းတွေအားလုံးက Win ရဲ့ အခန်းထဲမှာ ငုတ်တုတ် ထိုင်နေကြတယ် Top လည်း အပါအဝင်ပေါ့

dear neighbor🏘️👬 Nơi câu chuyện tồn tại. Hãy khám phá bây giờ