Part-43

605 55 8
                                    

Uni

ဘန်ကောက်ကအပြန် တစ်လမ်းလုံး ငေးမှိုင်နေတဲ့ Win ကို အားလုံးသတိထားမိကြတယ်

Bright- Win ဘာလို့ ငိုင်နေတာလဲ

Win- ဘာမှမဟုတ်ပါဘူး ဒီတိုင်း

Fong- မဟုတ်သေးဘူး တစ်ခုခုပဲ

Bright- ဘာဖြစ်လို့လဲ

Win- ဘန်ကောက်ကို ရောက်ရင် လေဆိပ်ကို တန်းသွားမှာမလား

Bright- အင်းလေ

Win- အထုပ်အပိုးလေး ဘာလေး ဝင်ယူပါအုံးလား အိမ်မှာ ခနနားပါအုံးလား

Bright- ယုန်ပေါက် ကိုယ့်ကို စိတ်မပူပါနဲ့ အဆင်ပြေပါတယ် ယုန်ပေါက်လည်း လေဆိပ်ကို လိုက်ပို့ပေးပေါ့

Win- အင်း *ဘန်ကောက်ကို မရောက်ပါနဲ့တော့ ကျေးဇူးပြုပြီး*

ဒါမယ့်လည်း ကျွန်တော့်ရဲ့ ဆုတောင်းတွေက  မပြည့်ဘူးဆိုတာကို သိပါတယ် ရောက်တာကတော့ ရောက်သွားမှာပါပဲ ဒါမယ့် ကျွန်တော် ကြိုးစားနိုင်တာဆိုလို့ ဒါပဲ ရှိတော့တယ်လေ နောက်ဆုံးတော့လည်း ဘာလိုလိုနဲ့ ဘန်ကောက်ကို ရောက်သွားတာပါပဲ

ဘန်ကောက် airport မှာbright ရဲ့ခြေရင်းမှာ ဖင်ထိုင်ရက် ထိုင်ချပြီး အော်ကြီးဟစ်ကျယ်နဲ့ ငိုနေတဲ့ Win

Bright- Win မငိုနဲ့လေ ကိုယ်ပြန်လာမှာပဲကို

Win- မသွားပါနဲ့ မသွားနဲ့

Bright- ယုန်ပေါက်လေး မဆိုးနဲ့လေ ကိုယ်ပြောတာနားထောင်နော် ဟုတ်ပြီလား လွမ်းစရာအချိန် မရှိအောင် ကိုယ်က ဖုန်းတွေဆက်နေမှာ

Win- မရဘူး ယုန်ပေါက်ကို ချစ်ရင်မသွားနဲ့

Bright- Win ကိုကို ပြောနေတယ်

Win- အဟင့်

Bright- ကိုကို ပြန်လာရင် မုန့်တွေ ဝယ်လာခဲ့မယ် ဟုတ်ပြီလား ထပါအုံး လူတွေကြည့်နေကြပြီ မျက်ရည်တွေ သုတ်လိုက်အုံး

Win- အင်း

Bright- ယုန်ပေါက်လေးက လိမ်မာလိုက်တာ လာပါအုံး အာဘွား နဖူးလေးတစ်ချက် ပါးနှစ်ဖက်ကို နှစ်ချက် နှာခေါင်းလေးရော မေးစေ့လေးရော အာဘွား

Mike- အမလေးကွာ လူလယ်ခေါင်ကြီးမှာ ကဲသဲနေလိုက်တာ

Ohm- အေးလေကွာ တော်ကြပါတော့ Winလည်း တိတ်တော့ ငါတို့ကိုတောင် ဖုန်းမဆက်ပဲ မင်းကိုပဲ ဆက်မှာတဲ့လေ ကျေနပ်လိုက်တော့

dear neighbor🏘️👬 Nơi câu chuyện tồn tại. Hãy khám phá bây giờ