Part-30

658 59 9
                                    

Uni

ဒီနေ့ဟာ Bright နဲ့ Primရဲ့ စေ့စပ်ပွဲနေ့ ပြီးတော့ Win မာမားရဲ့ အသုဘ နှစ်ရက်မြောက်နေ့ပေါ့

မနက်အစောကြီး သော့ခတ်ထားတဲ့ တံခါးကြီးပွင့်လာခဲ့တယ် ပြီးတော့ သံကြိုးတွေလာဖြေပေးကြပြီး ‌ဆွဲခေါ်သွားကြပြန်တယ် ရောက်သွားတဲ့ နေရာကတော့ အလှပြင်ခန်း

Prim- ကိုကို ရောက်လာပြီလား ကလေးလေ ကိုကို့အတွက် အင်္ကျီရွေးပေးထားတယ် မျက်နှာဒဏ်ရာတွေကိုလည်း မိတ်ကပ်နဲ့ အကုန်ဖုံးပစ်မယ်လေနော့ ပျော်ပျော်နေ ခနနေရင် ကလေးပြန်လာခဲ့မယ်

Brightကတော့ အားမရှိတော့တဲ့ အတွက်ကြောင့် သူတို့စေရာသာ လုပ်နေရတော့တယ်

နောက်ဆုံးတော့ အားလုံးပြင်ဆင်လို့ ပြီးသွားခဲ့တယ် ထိုင်းရိုးရာဝတ်စုံကိုမှ လက်ကမသိမသာလေးရှည်နေခဲ့တယ် လက်ကသံကြိုးနဲ့ အချည်ခံထားရတဲ့ ပွန်းပဲ့ရာတွေကို ဖုံးဖို့ပေါ့ မျက်နှာမှာလည်း မိတ်ကပ်တွေ ထူနေတယ် ဒဏ်ရာတွေ ဖုံးစေဖို့ အတွက်ပေါ့ ဒဏ်ရာပေါ်မှာ မိတ်ကပ်တွေ ထပ်ထားတာကြောင့် ပိုတိုးလို့ နာကျင်ရတယ်
နောက်တော့ ခန္ဓာကိုယ်ကောက်ကြောင်း အလှကို ပေါ်စေတဲ့ ရိုးရာဝတ်စုံလေး ဝတ်ပြီး ထွက်လာတဲ့Prim က အားလုံးရဲ့ အမြင်မှာ နတ်သမီးလေး တစ်ယောက်လိုပင် သူ့ရဲ့ ယုတ်မာပုံတွေကို မသိတဲ့ သူတစ်ချို့ရဲ့ အမြင်ပဲ ဖြစ်ပါလိမ့်မယ် Bright ရဲ့မျက်စိထဲမှာတော့ သူမ ဝတ်စားထားတာက Win pajamaလေး ဝတ်ထားတာလောက်တောင် ချစ်ဖို့‌မကောင်းဘူးလို့ပဲ မြင်နေတယ်

Prim- ကိုကို ပြုံးထားနော် မပြုံးရင် ကလေးအကြောင်းသိတယ်မလား

Bright- အင်း......

Prim- လာ လူကြီးမိဘတွေကို ကန်တော့ဖို့ သွားရမယ်

အိမ်အောက်ထပ်ကိုဆင်းပြီး လူကြီးမိဘတွေကို ကန်တော့ရင်း စေ့စပ်လက်စွပ် အပြန်အလှန် ဝတ်ပေးခဲ့ကြတယ် Bright ရဲ့မျက်နှာမပျော်ရွှင်တာကို မိဘဖြစ်သူတွေက သိကြတယ်

Bright'M- Bright သား ပြီးရင် ခနအိမ်လာခဲ့အုံးနော်

Bright- ဟုတ် မေကြီး

အင်္ကျီလဲပြီးတဲ့အခါမှာတော့ Brightကအိမ်ပြန်ဖို့ ပြင်ဆင်နေခဲ့တယ်

dear neighbor🏘️👬 Tempat cerita menjadi hidup. Temukan sekarang