Uni
Win- ကိုကို ကိုကို ဟိုကောင်မလေးတွေက လက်ဆောင်တွေပေးတယ် လက်ခံရမှာလား
Bright- ယူလိုက်ပေါ့ သူတို့က ပေးချင်လို့ ဒီထိလာကြတာ စေတနာကို အသိအမှတ်ပြုပေးရမှာပေါ့
Win- အင်း ယူလိုက်မယ် ညီမလေးရေ ကျေးဇူးပဲနော် မုန့်တွေပဲ လေယာဉ်ပေါ်မှာ စားရမယ်
Top- သွားကြတော့
Win- တာ့တာ
Mike- သွားစရာရှိတာသွား
Bright- လာ သွားရအောင် သွားပါတော့မယ် တာ့တာ
Fans- တာ့တာ......
သေတ္တာနှစ်ခုလုံးကို လမ်းတစ်လျှောက် Bright ပဲ ဆွဲလာခဲ့ရတာမလို့ Win ကို မသိမသာ စိတ်ကောက်ပြနေပေမယ့် ဟိုကတော့ လက်ထဲက မုန့်အပုံလိုက်ကိုပဲ စိတ်ရောက်နေတယ်
Bright- အဲ့လောက် မုန့်ကို ငမ်းမနေနဲ့ သွားမယ်လို့
Win- ကိုကို ဘာဖြစ်လို့လဲ ယုန်ပေါက်ကို စိတ်တိုနေတာလား
Bright- ဘာမှမဖြစ်ဘူး
Win- ဖြစ်နေတယ် ဖြစ်နေတယ် ပြောပြ
Bright- ဘာမှမဖြစ်ပါဘူးဆိုနေ
Win- ပြောပြဆိုနေ
Bright- ပြောမယ် ပြောမယ်
Fan တွေရဲ့အလယ်မှာ နှစ်ယောက်သား ရန်ဖြစ်နေကြပြန်တယ် သူတို့နှစ်ယောက်က တကယ်ကို ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြဘူး နောက်ဆယ်နှစ်ကြာရင် လေယာဉ်ပျံ ဆိုတာနဲ့ အမှတ်တရတွေ တစီတတန်းကြီး ပြန်ပေါ်လာလောက်ပါရဲ့
"ခွဲရတုန်းကတော့ဘငိုယိုနေကြတယ် အတူတူသွားရမယ်ဆိုတော့ ရန်ဖြစ်နေကြပြန်ပြီ"
"အဲ့လိုအတွဲလေးက ချစ်ဖို့ကောင်းတယ်ဟ"
"ယုန်ပေါက်က အဲ Win ကသတိမထားမိဘူးလား မသိဘူး သူ့ဘဲက ဆူပုပ်နေပြီ"
"ဟုတ်သားပဲ တစ်လမ်းလုံး စကားပြောတာကအစ သိသာတယ် သူကတော့ မုန့်ပဲငမ်းနေတယ် စိတ်ဆိုးလည်း ဆိုးချင်စရာပဲ"
Win- ပြောလို့ဆိုနေ
Bright- ပြောမယ်လို့ တစ်လမ်းလုံး အထုပ်တွေ ကိုယ်ပဲ သယ်နေရတယ် မင်းကတော့ မုန့် တငမ်းငမ်းနဲ့ ပင်ပန်းလားတောင် မမေးဘူး ရေသောက်မလားတောင် မမေးဘူး အဲ့fanတွေနဲ့ပဲ ပြောနေလိုက်
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...