Part-9

770 64 9
                                    

Uni

Foei- အကိုလေး ထပါတော့ ကျောင်းသွားရမယ်

Win- အေး ထပြီ အား ခေါင်းတွေကိုက်လိုက်တာ Foei ငါညက ဘယ်လိုပြန်တာလဲ

Foei- အကိုလေးဘာသာ ကားနဲ့ပြန်လာတာပါ ဒါမယ့် အကိုလေးကို အခန်းထဲထိ လိုက်ပို့ပေးတာက Bright ပါ အကိုလေး ပြင်ဆင်ထားပါနော်

Win- ဘာ ဘယ်လို ငါ့ကို Brightလိုက်ပို့တာပေါ့ ငါဘာတွေ လုပ်လိုက်မိလဲ အင်္ကျီတွေလည်း လဲထားတယ်

ညက သူလုပ်ခဲ့တာတွေကတော့ ခေါင်းထဲမှာ အစီအရီ

သွားပြီ သွားပြီ ငါ ယောက်ျားချင်းနမ်းလိုက်တာလား အဲ့ကောင်ကို ဘယ်လိုမျက်နှာချင်း ဆိုင်ရမှာလဲ ငါအရက်မူးနေတာပဲလေ မမှတ်မိဘူးဘာညာပေါ့ အေးဆေး ဒါနဲ့ နေပါအုံး နမ်းပြီးသွားတော့ သူငါ့ကို တစ်ခုခု ပြောသလိုပဲ ခေါင်းကလည်းကွာ မဟုတ်တာတွေကျ မှတ်မိတယ် အရေးကြီးတာကျ မမှတ်မိ သူငါ့ကိုတစ်ခုခုပြောလိုက်ပါတယ်ဟ သောက်တစ်လွဲ ဦးနှောက်

ဒေါက် ဒေါက်

အကိုလေး ပြင်ဆင်ပြီးပြီလား

Win- မပြီးသေးဘူး ဟင် မင်းအသံက...

ဟုတ်ကဲ့ ကျွန်တော် Bright ပါ ကျောင်းအတူသွားမလို့ပါ‌ဗျ အောက်မှာ စောင့်နေမယ်ဗျ

Win- အေးအေး

Win ရေချိုးခန်းထဲ ပြေးဝင်ပြီး ခန္ဓာကိုယ်ကို လှည့်ပတ်ကြည့်‌နေရတယ် (အမှတ်တွေ ရှိနေမလားလို့တဲ့🤣)

Bright-အကိုလေး ပြီးပြီလား သွားရအောင် P'Top က သွားနှင့်ပြီ ကျွန်တော်တို့ကို P'Foei လိုက်ပို့မှာ

Win-အေး အေး သွားနှင့် လိုက်ခဲ့မယ်

Bright-ဟုတ်ကဲ့ *ကြည့်ရတာ ထူးဆန်းနေတယ်*

Win- ညက မင်းငါ့ကို အခန်းထဲထိ လိုက်ပို့ပေးတာဆို

Bright- ဟုတ်တယ်ဗျ

Win- မင်းငါ့ကို ဘာလုပ်လိုက်သေးလဲ

မနက်စာမစားခဲ့ရလို့ ပေါင်မုန့်နဲ့ ရေကို အတင်းသွတ်နေရတဲ့ Bright ကတော့ သီးတောင်သွားတယ်

Bright-ဗျာ ကျွန်တော်က အကိုလေးကို ဘာလုပ်ရမှာလဲ

Win- မဟုတ်ဘူး ငါညက တစ်ချို့ဟာတွေ မှတ်မိသလို မမှတ်မိသလို ဖြစ်နေလို့ ငါ့ကို အတိအကျ အစအဆုံး ပြန်ပြောပြ

dear neighbor🏘️👬 Onde histórias criam vida. Descubra agora