Uni
အိပ်ယာပေါ်မှာ လက်မှိုင်ကျ ထိုင်နေချတုန်း
ကျွီ.....
Win- ကိုကို နိုးနေပြီလား ယုန်ပေါက် မနက်စာ သွားယူပေးတာ
Bright- Win!!!!
အိမ်မက်မဟုတ်တာကို သိလိုက်ရတဲ့အချိန် ဖြစ်သွားတဲ့ ခံစားချက်ကို ကျွန်တော် ထုတ်မပြနိုင်လောက်ဘူး ဘာခံစားချက်မှန်းလဲ ကျွန်တော် မသိဘူး ပျော်ရွှင်တာလား ကြည်နူးတာလား ရင်ခုန်တာလား အမှန်တကယ် ဖြစ်နေတာကတော့ ကျွန်တော် သူါကို ရင်ထဲထည့်ပြီး အတင်းအကြပ်ဖက်ထားမိနေပြီ သူအသက်ရှုကြပ်မှာ စိုးရိမ်ပေမယ့် လက်ကမလွှတ်ချင်ဘူးဖြစ်နေတယ် ဒီခံစားချက်ကိုတော့ ကျွန်တော် နားလည်တယ် ဆုံးရှုံးရမှာ ကြောက်တဲ့စိတ်
Bright- ကိုယ်လေ အိမ်မက်လို့ ထင်နေခဲ့တာ စိတ်ဆွဲတာလို့ ထင်နေတာခဲ့တာ တကယ်လွမ်းနေခဲ့တာ
Win- စိတ်မပူပါနဲ့ ယုန်ပေါက်က ကိုကို့ အနားမှာရှိနေမယ် ဟုတ်ပြီလား အခုမှ အိပ်ယာထလာတာကို မျက်ရည်တွေ ရွှဲနေပြီ မျက်နှာသစ်လိုက်အုံး
Bright- လိုက်ပို့
Win- ရေချိုးခန်းက ဟိုမှာလေ
Bright- ဟင့်အင်း လိုက်ပို့
Win-မနက်စာလုပ်ရအုံးမယ်
Bright- ပြီးမှလုပ် လိုက်ခဲ့နော် ကိုယ့်ရဲ့ မျက်စိအောက် ကထွက်မသွားနဲ့နော်
Win- ဟုတ်ပါပြီ လိုက်ခဲ့မယ် သွား
Bright- လာ
Win- လာပြီ ညစ်ပတ်ကြီးရဲ့
ကိုကိုက တကယ်ချစ်စရာလေး ယုန်ပေါက်က ချွဲရမလား မှတ်တယ် သူချည်းပဲ ဇွတ် ချွဲနေတော့တာပဲ
မျက်နှာသစ်ပြီး မနက်စာစားပြန်တော့လည်း အရှေ့က စိုက်ကြည့်နေတဲ့သူကြောင့် မလုံမလဲနဲ့ ကောင်းကောင်းမစားနိုင်
Win- ကိုကို ဘာတွေ အဲ့လောက်ကြည့်နေတာလဲ မနေတတ်တော့ဘူး စားလေ
Bright- ယုန်ပေါက်လေး ချစ်တယ်နော်
Win- အင်း ယုန်ပေါက်လည်း ကိုကို့ ကိုချစ်တယ် ကိုကို ယုန်ပေါက်တို့ အဲ့ဟာလေးကို ခနခနပြောရအောင်နော်
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...