Part-31

636 61 11
                                    

Uni

အခန်းတံခါးဆွဲဖွင့်လိုက်ချိန် တံခါးရှေ့မှာ ရပ်နေတဲ့ သူတစ်ယောက်က ဒေါသတကြီးနဲ့ Bright ကိုစောင့်ကြည့်နေခဲ့တယ်အရှေ့ဆုံးက Mike ကို တွန်းဖယ်ပြီး Bright ဆီတည့်တည့်သွားရင်း မျက်နှာပစ်ထိုး ပစ်လိုက်တယ်

Top- ပါပါး မလုပ်ပါနဲ့ Win သိသွားမယ်

Win'D- မင်းဘယ်လိုလုပ်လိုက်တာလဲ ငါ့မိန်းမသေသွားရပြီ မင်းကြောင့် မင်းကြောင့်

Mike- ဦးလေး စိတ်ထိန်းပါ အောက်ထပ်ကကြားသွားလို့မဖြစ်ဘူး

Win ပါပါးရဲ့ ခြေရင်း မှာ ဒူးထောက်ချလိုက်ရင်း ငိုနေတဲ့ Bright

Bright- ကျွန်တော် တောင်းပန်ပါတယ် အဲ့ကိစ္စကို ကျွန်တော် တကယ်မသိခဲ့ရဘူး ကြိုသိခဲ့ရရင် ကျွန်တော် သေချာပေါက်တားမှာ အန်တီက ကျွန်တော့်အမေ တစ်ယောက်လိုပါပဲ ကျွန်တော် လက်စားပြန်ချေမှာပါ စိတ်ချပါ

Win'D- လက်စားချေမှာလား ငါတို့တစ်အိမ်လုံးက လူတွေ သေသွားခါမှလား မင်းမြန်မြန်လုပ်တာကောင်းမယ် ငါ့သားတွေ ထိခိုက်လာမှာကို မလိုလားဘူး

Bright- ဟုတ်ကဲ့ အဲ့ကုမ္ပဏီမှာ ကျွန်တော် လူယုံတစ်ယောက်ရထားပါတယ် သူလည်းကျွန်တော့်လိုပဲ

Win'D- ကောင်းပြီ ဘာတွေ သိရလဲ

Bright- လောလောဆယ် သေချာတာကတော့ လုံခြုံရေး ဝန်ထမ်းနှစ်ယောက်ရယ် မန်နေဂျာချုပ်ဟောင်းတစ်ယောက်ရယ် ပျောက်နေတယ် မိသားစုတွေကလည်း အိမ်ပြန်မလာတာ ကြာပြီတဲ့ ကျွန်တော် အဲ့တာတွေ စုံစမ်းရမယ် ကိစ္စသေးသေးလေးတွေကအစ အလွတ်ခံလို့မဖြစ်ဘူး

Win'D- ဟုတ်ပြီ ငါမင်းအတွက် လူထပ် ဖြည့်ပေးမယ် ရအောင်စုံစမ်းခဲ့ပါ အခုတော့ သွားလို့ရပြီ

Bright- ကျွန်တော် Win ကိုကြည့်ချင်လို့ တောင်းပန်ပါတယ် တွေ့ခွင့်ပေးပါ

Win'D- မင်း ငါ့သားကို ချစ်လား

Bright-ချစ်တယ်  အဲ့ဒါကြောင့်ပဲ ကျွန်တော် ဘာမဆို ရင်ဆိုင်ရဲနေတာ

Win'D- အောက်ထပ်မှာ လူတွေများတယ် မင်းကိုမြင်သွားလိမ့်မယ် ငါ့အခန်းထဲလာခဲ့ CCTV ရှိတယ် အဲ့ကနေကြည့်

dear neighbor🏘️👬 Where stories live. Discover now