Uni
Winတို့အဖေရဲ့ ကားပေါ်မှာတော့ ဆေးရုံကိုမောင်းတဲ့ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေတယ် လူနှစ်ယောက်ကတော့ ဘာစကားမှမပြောပဲ ဆေးရုံပဲတန်းရောက်သွားချင်တော့တယ် အဲ့ဒါမှ ဘာမှ မပေါ်ဘဲနေမယ်လေ မေးရင်တော့ ဖြေကြရမှာပဲမို့လေ ဒါမယ့်လည်း ဆုတောင်းတွေ မပြည့်ခဲ့ဘူး
Win'D- မင်းတို့ကို မေးစရာရှိတယ် မင်းတို့လည်း......
Mike- ကျွန်တော်တို့ကို မခွဲပါနဲ့ဗျ ကျွန်တော့် အကို့ ကို တကယ်ချစ်တာပါဗျ
ဘာမှမပြောရသေးခင် ဖြတ်ပြောလိုက်တဲ့Mike ကြောင့် Top ရော Win ရဲ့ပါပါးရော လန့်သွားတယ်
Top- ဖြတ်မပြောနဲ့လေ ပါပါးနေတဲ့ဟာကို
Mike- တောင်းပန်ပါတယ်ဗျ ကျွန်တော် စိတ်လောသွားလို့ပါ ကြောက်သွားတာလည်း ပါတယ်ဗျ တောင်းပန်ပါတယ်ဗျ
Win'D- ဖြေးဖြေးပြောပါ နားထောင်လို့တောင်မမှီတော့ဘူး မင်းက ငါ့သားကို တကယ်ချစ်တယ်ပြောတယ်နော် ငါ့ကို သက်သေပြ ငါမင်းကို အခွင့်အရေးပေးမယ် ငါ့ကိုယုံအောင်လုပ်
Top- ပါပါး တကယ်လားဟင်
Mike- တကယ်လား ဦး ဟုတ်ကဲ့ ကျွန်တော် သက်သေပြပါမယ် ဒါနဲ့ ဘယ်လိုပြရမှာလဲ
Win'D- အဲ့လောက်တုံးနေရင်တော့မဟုတ်သေးဘူး Top ကြည့်ပြောအုံး သူတော်တော် တုံးတာပဲ
Top- အခွင့်အရေးပေးတယ်ဆိုတာက ငါ့ကိုပျော်အောင် ထားခိုင်းတာတို့ ငိုအောင်မလုပ်ရတာတို့လေ အဲ့တာမျိုးက မင်းငါ့ကိုပိုင်မှ သက်သေပြလို့ရမှာလေ
Mike- အင်း အဲ့တော့....
Top- အိုးဟိုး ရှီးယား ငါ့ဘဲက အဲ့လောက်တုံးမယ်လို့ ထင်မထားဘူး
Win'D- ငါပြောမယ်ငါပြောမယ် ကောင်လေး ငါမင်းကိုပြောပြမယ် ငါက Win တို့တုန်းက သဘောမတူခဲ့ဘူး မှန်တယ် ဘာလို့လဲဆိုတော့ သူတို့က ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ် ဒါမယ့် အစက သတင်းတွေထဲမှာတော့ ငါ့သားက ဂေးဆိုတဲ့ အကြောင်းတွေကိုပြောနေကြတယ် နောက်ပိုင်းကျတော့ ငါ့သားလိုလူတွေ အများကြီးပေါ်လာကြတယ် Famous ကုမ္ပဏီကြီးရဲ့ သားကတောင် ဒီလိုမျိုးပဲ ငါတို့လည်း ပုန်းလျှိုးကွယ်လျှိုးနဲ့ ချစ်စရာမလိုတော့ဘူး ဆိုတဲ့အတွေးမျိုးတွေနဲ့ပေါ့ Bright ပြောသွားတဲ့ စကားတစ်ခွန်းတော့ ကြိုက်တယ် "LGBTကရွံစရာရောဂါတစ်ခုမဟုတ်ပါဘူး" တဲ့လေ တစ်ဖြည်းဖြည်းနဲ့ သူတို့ကို နားလည်လာနိုင်တယ် တကယ်တော့ သူတို့
ကို သဘောတူတာကြာပြီ တကယ်ချစ်လားမချစ်လား စစ်ဆေးချင်ရုံပဲ
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...