Part-22

716 61 6
                                    

Uni

Mike နဲ့ Top တို့လည်း ကားမောင်းပြီး ထွက်လာခဲ့ကြတယ် နောက်တော့ Ohm ရဲ့ သတင်းကိုရတော့ ဆေးရုံကို လိုက်သွားခဲ့ကြတယ်
ဆေးရုံကနေ အပြန်ကျတော့လည်း အချိုရည်နဲ့ ရေချိုးထားတဲ့ ဒီကောင်လေး ကားပေါ်ခေါ်တင်သွားလိုက်တယ် ကားက အဲ့နေ့ မနက်ကမှ ဆေးထားပေမယ့်လည်းပေါ့ 
*ငါ မင်းကိုလိုက်စေချင်လို့ ကားက ဆေးရတော့မှာ ကိစ္စမရှိဘူးပြောခဲ့တာ အရှေ့က ဒါရိုင်ဘာက အူတက်နေတာလည်း သိတာပေါ့*
အဲ့လို နဲ့စာမေးပွဲ ဖြေရမယ့်ရက်ကို ရောက်လာခဲ့တယ်

Top- မိုတီ ယူမလား အဆင့်ကောင်းကောင်းရရင် မင်းတောင်းတာ ပေးမယ်

Top ဒီလိုပြောလိုက်တာက Mike ကောင်းဖို့အတွက်ပါ သူ စာကြိုးစားတော့မယ်ဆိုတာ သိနေခဲ့တယ်‌လေ ဒါမယ့် ရလဒ်ကတော့ အဲ့လိုမဟုတ်ခဲ့ဘူး အဆင့်11တဲ့လေ

Top- အဆင့်11ဆိုတာက ကောင်းတဲ့ အဆင့်မဟုတ်ဘူး

Mike-ကျွန်တော်တောင်းတာ မပေးတော့ဘူးပေါ့

Top- အေးပေါ့ သွားအ‌ပေါ်တက်တော့

အပေါ်ရောက်တာ‌တောင် အိပ်ယာခင်းတွေချေမွှပြီး စိတ်တိုနေတဲ့ ကောင်လေးကိုကြည့်ပြီး တိတ်တခိုး ရီမိပြန်တယ် နောက်တော့ ချင်းမိုင်ကို ထွက်လာခဲ့ကြတယ်

သူက အအိပ်ကြမ်းပေမယ့် အိပ်တာလေးက ချစ်ဖို့ကောင်းနေခဲ့တယ်  ငါ့အပေါ်မှာ အိပ်ချင်သလို အိပ်နေတာတွေကိုလည်း ငါ ဗွေမယူပါဘူး ဝမ်းတော့ဝမ်းနည်းတယ် ငါ့ကတိစကားကြောင့်ပေါ့ သူအဆင့်ကောင်း‌မှ တောင်းတာ ပေးမယ် ပြောထားခဲ့တာ ငါကလည်း ပေးချင်လွန်းနေခဲ့တာ ဒါမယ့် သူ့အဆင့်က မကောင်းဘူးလေ

ဟိုတယ်မှာတုန်းကလည်း သူအင်္ကျီလဲနေတာကို ခိုးကြည့်ခဲ့ရသေးတယ် ပန်းခင်းထဲရောက်ပြန်တော့လည်း သူနဲ့အတူ ပထမဆုံး Tiktok အတူ‌တွဲရိုက်ရတယ် တကယ် ပျော်ဖို့ကောင်းတယ် ဒါမယ့်‌လည်း အနှောင့်တွေက ဝင်လာပြန်ရော

ပြီးတော့ ပြန်လာတဲ့ ရထားပေါ်မှာ သူငါ့ကိုမေးခဲ့တယ်

Mike- P'Top တကယ် ကျွန်တော့်ကို မပေးတော့ဘူးလား

Top- ဘာကိုပေးရမှာလဲ

Mike-ကျွန်တော် တောင်းတဲ့ဟာလေ အဖြေလေ

dear neighbor🏘️👬 Donde viven las historias. Descúbrelo ahora