Part-38

654 65 14
                                    

Uni

Gunsmile- ဟေးLove ဘယ်သွားမလို့လဲ

Love- ဆရာမက စာရင်းတွေ လာသယ်ခိုင်းလို့လေ ကျောင်းအုပ်ကြီး ရုံးခန်းကို သွားထားမလို့

Gunsmile- များလား ငါကူသယ်ပေးမယ်

Love-  ရပါတယ် မများပါဘူး

‌Gunsmile- မဟုတ်တာ မိန်းကလေးတစ်ယောက်က ဒီလောက်အများကြီးမသယ်သင့်ဘူးလေ ယောက်ျားဖြစ်တဲ့ ကျွန်တော်က မြင်နေရက်နဲ့ ဥပက္ခာ မပြုနိုင်ပါဘူးဗျာ ပ၊၊၊၊သ့့ေး ဒီကိုပေး

Love- အော် အင်းအင်း ဒါမယ့်......

Gunsmileလည်း လက်ထဲက စာရင်းစာအုပ်သုံးအုပ်ကို လွှဲယူလိုက်တယ်

Love- ....သုံးအုပ်ထဲရယ်

တကယ်တမ်းတော့ Gunsmile ဒီလိုတွေ လုပ်နေတာက Fong ပြောထားတာကို နားထဲပြန် ကြား‌ယောင်လာလို့ပါ

Fong- သဘောထားကြီးတဲ့ ယောက်ျားတစ်ယောက်က အမြဲလိုလို မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်တယ်

Gunsmile- *Love လေး ငါ့အပေါ်အကောင်းမြင်လာရင်ကောင်းမယ်*

Love- *ယောက်ျားပီသလိုက်တာ *

Other side

Fong- Ohmသတိရလာပါတော့ ငါ့ကိုမင်း ခွင့်လွှတ်ပေးမလားကွာ တောင်းပန်ပါတယ် ရှင်းပြခွင့်ပေးပါအုံးကွာ

လက်ဖမိုးလေးပေါ် မျက်နှာအပ်ရင်း ငိုနေမိတာ မျက်ရည်တွေက အဆက်မပြတ် ကျလာနေတယ်

Ohm နိုးလာတဲ့ အချိန် အရင်ဆုံးခံစားမိလိုက်တာက ‌ပတ်တီးစည်းထားရတဲ့ ခေါင်းက နာကျင်မှုမဟုတ်ဘဲ လက်ဖမိုးပေါ်က စိုစိစိခံစားမှု ကြည့်လိုက်တော့ သူ့ရဲ့ချစ်ရသူက လက်ဖမိုးပေါ် မျက်နှာအပ်ပြီး တောင်းပန်စကားပြောနေတယ်တဲ့ အိမ်မက်ထင်ပါရဲ့ အပြင်မှာဆိုရင် လုံးဝ မဖြစ်နိုင်ဘူးလေ
ညောင်းညာလာလို့ အနည်းငယ်လှုပ်လိုက်တော့ Fong ကထလာတယ်

Fong- Ohm သတိရလာပြီလား

Ohm- အိမ်မက်ကပီပြင်တယ်ပဲ ပြောရမလား ညောင်းတာညာတာတွေတောင် ခံစားမိတယ်

Fong- ဘာလို့ အိမ်မက်လို့ထင်ရတာလဲ

Ohm- ငါသိတဲ့ Fong ကဒီလိုမျိုး လုပ်မှာမဟုတ်ဘူးလေ

dear neighbor🏘️👬 Where stories live. Discover now