Part-10

857 74 7
                                    

Uni

Win- ခုချွတ်
Foei ကားကို လမ်းဘေးရပ်လိုက်

Foei လည်းကြောက်ကြောက်နဲ့ လမ်းဘေးထိုးရပ်လိုက်တယ်

Bright က လက်ပြင်ကြောတွေ ကော့လိုက်ရင်တောင် နာနေတာမလို့ အင်္ကျီကို ဖြေးဖြေး ချင်းချွတ်နေတယ် အင်္ကျီချွတ်ပြီးတော့ ကြည့်လိုက်တဲ့အခါ ကျောကုန်းမှာ အနီရောင် အကွင်းကြီး အကြီးကြီး
Win လက်ညိုးလေးနဲ့ထိုးကြည့်လိုက်တယ် ထအော်ရှာတယ်

Win- ဘာဖြစ်တာလဲ

Bright- နေ့ခင်းက ဘောလုံးကွင်းထဲမှာ ဘောလုံးမှန်ခဲ့တာ ဘာမှမဖြစ်ပါဘူးဗျ ဆေးလိမ်းရင် ပျောက်သွားမှာ

Win- မင်းဒီပုံနဲ့ဆို မင်းကငါ့ကို ကာကွယ်မှာလား ငါကမင်းကို ကာကွယ်ရမှာလား

Bright- ကျွန်တော် ကာကွယ်မှာပါဗျ

Win- ငါ့အိမ်ကိုမောင်း

Bright- အကိုလေး ကျွန်တော့်ကို ခိုင်းစရာမရှိရင် ပြန်လိုက်အုံးမယ်

Win- နေအုံး ငါနဲ့လိုက်ခဲ့

Brightကို သူ့အခန်းထဲ ခေါ်သွားတယ်

Win- အင်္ကျီ ချွတ်

Bright- ဟမ်

Win- ဆေးလိမ်းဖို့လေ

Bright- အော် ဟုတ်

အဲ့နောက်မှာတော့ Brightရဲ့ ကျယ်ပြန့်တဲ့ ကျောပြင်ကြီးကို မြင်တွေ့ရတယ်

Win- ငါလိမ်းပြီနော် မင်းက ကျောပြင်ကျယ်သားပဲ

Bright- ဟုတ်တယ် အ နာတယ် ဖြေးဖြေး

Win- နောက်နေ့‌ငါ့ဆီလာနိုင်လို့လား

Bright- ခြေထောက်ကျိုးတာမှမဟုတ်တာ တက်နိုင်ပါတယ်

Win- ပြီးပြီ အင်္ကျီဝတ် ပြီးရင် ပြန်တော့ မနက်ကျ ငါ့ကိုလာနှိုး

Bright- ဟုတ် ဟမ် မနက်ဖန် ကျောင်းပိတ်တယ်လေဗျ

Win-လာနှိုးဆို လာနှိုး

Bright- ဟုတ်

အောက်ထပ်ကိုဆင်းလာခဲ့ပြီး ရင်ထဲမှာ ကုလားဘုရား လှည့်နေကြတဲ့ လူနှစ်ယောက်ကတော့ ရှက်ပြုံးကိုယ်စီနဲ့

Win- နေပါအုံး သူက ယောက်ျားကြီးလေ ဟျောင့် Win မင်း ဂေးတော့မလို့လား သူ့အကြောင်းတွေးတာတွေရပ်တော့

dear neighbor🏘️👬 Hikayelerin yaşadığı yer. Şimdi keşfedin