Part-41

622 54 8
                                    

Uni

မနက်၃နာရီလောက်တည်းက တစ်အိမ်လုံးကို လိုက်နှိုးပီး သွားမယ်တကဲကဲ လုပ်နေတဲ့Bright ကြောင့် သူ့မိဘတွေလည်း အေးဆေးမအိပ်ရေသးဘူး Winတို့အိမ်ထဲကိုလည်း အစောကြီးဝင်ပြီး တစ်ခန်းဝင် တစ်ခန်းထွက်လိုက်နှိုးနေတယ် သူ့ရဲ့ယုန်ပေါက်ကိုတော့ အနမ်းလေးနဲ့ နှိုးတယ် ကျန်တဲ့ ကောင်တွေကိုလည်းဖုန်း အတင်းလိုက်ဆက်ပြီး နှိုးနေတာမို့ အကုန်လုံးက အမြင်ကတ်နေကြပြီ

Fong- ၄နာရီသွားမှာဆို ခုမှ၃ခွဲပဲရှိသေးတယ်

Bright- စောစောသွားတော့ကောင်းတာပေါ့ ဖေကြီး မောင်းမှာမလား လုပ်ကားပေါ်တက်ကြ

Triple cab နဲ့သွားကြတာမလို့ မိဘသုံးယောက်က ခေါင်းခန်းမှာထိုင်ပြီး ကျန်တဲ့ ခြောက်ယောက်ကတော့ နောက်မှာထိုင်ကြတယ်

Bright'D- ဘယ်ကိုမောင်းရမှာလဲခဗျ

Bright- Krabi

Mike- Krabi??

Top- တကယ်ကြီးလား

Ohm- ရှိးယား ငါယူလာတာ အနွေး‌ထည်တွေချည်းပဲ နှင်းရှိတဲ့ဘက်သွားမယ်ဆိုလို့လေကွာ

Fong- တကယ်ကြီးလား မိန်းမကယုံတာပဲလား ယောက်ျားဆို အစုံထည့်လာတာ အကုန်ပါတယ် တော်သေးတယ် ကမ်းခြေ အင်္ကျီလေး သုံးလေးထည်လောက်ပါလာလို့ ယောက်ျားဟာ ဝတ်လေနော်

Ohm- အင်း

Bright- ယုန်ပေါက်လေး လာ စောင်ခြုံ ချမ်းလိမ့်မယ်

Win- အင်း ကြယ်တွေက လှလိုက်တာနော်

Mike- တကယ်လှတာပဲ Triple cab နဲ့သွားရတာတောင် ကျေးဇူးတင်သွားပြီ

Bright- ငါအကုန်စီစဉ်ပြီးသားပါကွာ

Top- ကြယ်ကြွေသွားတယ် ဆုတောင်း ဆုတောင်း

Bright- အရှင်ဘုရား အကျွန်ုပ် ချစ်ရသူနဲ့ ပေါင်းဖက်ရပါစေ

Win- အသံထွက်တောင်းရင် မပြည့်ဘူးတဲ့

Bright- ယုန်ပေါက်လေးက ပြည့်အောင်လုပ်ပေးလေ ရတယ်မလား

Win- အင်း

အတွဲသုံးတွဲလုံးရဲ့ ဆုတောင်း ဒါမျိုးပဲ ဖြစ်ကြမယ်လို့ ထင်တယ် စောင်လေးခြုံပြီး လှဲနေကြရင်း တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေမိတယ် ညအမှောင်ထဲမှာတောင် ချစ်ရသူရဲ့ မျက်နှာက ကြည့်မဝလိုက်တာ

dear neighbor🏘️👬 Donde viven las historias. Descúbrelo ahora