Uni
ဒုန်း.....
Win- မင်းကဘာကြည့်တာလဲ အမှိုက်က စားကောင်းလား ဟမ်
Bright မရှိထဲက ဟိုးအရင်က Win ပြန်ရောက်လာတာမလို့ အားလုံးတုန်အောင် ပြန်ကြောက်နေရပြန်ပြီ အခုလည်း ဘာရယ်မဟုတ် သူ့ကိုကြည့်လို့ဆိုပြီး ခေါင်းကို အမှိုက်ပုံးနဲ့ စွပ်ချပစ်လိုက်တယ်
Fong- အိုဟို ဒီကောင် ပါးစပ်မှာ အမှိုက်တွေ ဆို့ပြီး စကားမပြောနိုင်တော့ဘူး ထင်တယ် စားကောင်းလွန်းလို့ နေမယ်ကွ
Win- ဖြစ်နိုင်တယ် မင်း မှတ်ထား နောက်တစ်ခါ ငါ့ကို ယောင်လို့တောင် မင်းမျက်လုံးနဲ့ လာမကြည့်နဲ့ ကြားလား
အမှိုက်ပုံးကို လက်နဲ့ ခေါက်ပြီး ပြောတော့ အထဲကနေ ခေါင်းပြန် ညှိမ့်ပြတယ်
အမှိုက်ပုံးကို ခေါက်ပြီးတာနဲ့ တစ်ပြိုင်ထဲ သူတို့နှစ်ယောက်ရဲ့ ခေါင်းတွေလည်း နောက်ကနေ အခေါက်ခံလိုက်ရတယ်
Fong- ဟာ ဘယ်သူ......အင် မိန်းမ ဟို ဘာလာလုပ်တာလဲဟင်
Ohm- သတင်းကြားလို့ ပြဿနာရှာနေပြန်ပြီလား မင်းတို့ နှစ်ယောက်လုံး အရမ်း အားယားနေလား
Fong- မိန်းမကလည်း စိတ်မဆိုးပါနဲ့ကွာ ဟုတ်ပြီလား ယောက်ျားတို့က ရန်မဖြစ်ရတာ တကယ်ကြာနေပြီမလို့ပါ
Ohm- ရန်ဖြစ်တာ ကောင်းတယ် ထင်လို့လား ပြီးတော့ Win မင်းယောက်ျားမရှိတာနဲ့ ဂျိုပြန်ကြွလာပြန်ပြီ သူ့ကိုဘန်ကောက်ကို ပြန်ခေါ်လိုက်မယ်
Win- အဲ Ohmလေး မလုပ်ရဘူးလေ ပြန်မခေါ်ပါနဲ့
Bright- ပြန်မလာစေချင်ဘူးပေါ့လေ
Win- ဟင် ကိုကို ဘယ်ကကြားနေတာလဲ ငါနားကြားမှားတာလား
Ohm- မမှားဘူး ဒီမှာကြည့်
Vcခေါ်ထားတာများ ဘယ်အချိန်ထဲက ကြည့်နေမှန်းမသိ
Win- ဟီး ကိုကို ယုန်ပေါက်က အဲ့လိုပြောတာမဟုတ်ပါဘူး ဟို ကိုကိုက အလုပ်တွေနဲ့လေ အဲ့မှာတောင် ကုမ္ပဏီကိစ္စတွေနဲ့ ရှုပ်နေတာလေ အဲ့တာကြောင့် မခေါ်နဲ့လို့ ပြောတာပါ
Bright- အင်း မဆိုးဘူး ဆင်ခြေကောင်းတယ် ရန်ကကော ဘာကိစ္စဖြစ်နေတာလဲ ငါ့ဆီ တိုင်စာတွေရောက်တာသိလား အထိုးခံရတဲ့ ကောင်တွေက ငါ့ဆီ လှမ်း လှမ်းတိုင်ကြတယ်
KAMU SEDANG MEMBACA
dear neighbor🏘️👬
Fiksi PenggemarUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...