Uni
Bright ဆေးရုံဆင်းရမယ့်နေ့ ရောက်လာခဲ့တယ် ဟိုလေးကောင်ကတော့ လာမကြိုနိုင်ကြဘူး ကျောင်းတက်နေကြတယ် Bright လည်း ဆေးရုံက ဆင်းဆင်းချင်း ဝတ်စုံလဲပြီး ကျောင်းကိုသွားလိုက်တယ်
Mike- Brightwin သားကြီး ဆင်းလာပြီလား မြန်မြန်လာကွာ ငါတို့အဆင့်တွေ သိချင်နေပြီ
Fong- သူများတွေ သိနေရပြီကွ ဟျောင့် မင်းသိလား အဆင့်1က ပေါ်မလာသေးဘူးကွ သေချာတယ် ငါတို့ထဲကပဲ
Win-ငါတို့ပဲ အဆင့်မသိရသေးတာလေ ငါတို့ပဲကျန်တော့တာကို သေချာတာပေါ့ဟ ပြီးတော့ ဘယ်သူလို့ထင်ကြလဲ
Fong- Ohm ပဲနေမှာပေါ့ကွ သူစာတွေ ဒီလောက်ကြိုးစားတဲ့ဟာကို
Win- ငါကတော့ Bright လို့ပဲ ထင်တယ် သူဖြေတာတွေ အကုန်မှန်တယ် သူလည်း စာကြိုးစားတာပဲကို
Mike- ဟျောင့်တွေ လုမနေကြနဲ့ ငါရမှာ သေချာပေါက်
Win, Fong- ထွီ...
Teacher- လာလေ ဝင်ကြ မင်းတို့အဆင့်တွေ ပြောပြမယ်
အဆင့်1က OhmFong- ဟားဟား ငါပြောသားပဲ တွေ့လား
Teacher- ဟဲ့ ငါပြောနေတယ် ငြိမ်ငြိမ်နေ ဆက်ပြောမယ်
Bright က အဆင့်2
Win ကအဆင့် 7
Mike က အဆင့် 11
Fong အေး နင်သူများကိုပြောနေနော် နင်လာစမ်းFong-ဂျာ ဆရာမ လာပိ လာပိ
Teacher-ဘာ လာပိ လဲ ချွဲမနေနဲ့ ငါတို့အတန်းထဲမှာ လူ ဘယ်နှစ်ယောက်ရှိလဲ
Fong- အမ် ခန ဆရာမ 1ယောက် 2ယောက် ....... 42 ယောက်ပါဆရာမ
Teacher- အေး နင့်အဆင့်ကိုကြည့်စမ်း 40ဟဲ့ 40 ဟမ် နင့်နောက်မှာ နှစ်ယောက်ပဲရှိတော့တယ် နင့်သူငယ်ချင်းတွေကိုကြည့် အကုန် Top10 Top20 ဝင်တယ်ဟဲ့
Fong- ဆရာမကလည်း ကျွန်တော့်နောက်မှာ နှစ်ယောက်တောင်ရှိတယ်လေ ကျွန်တော် တော်တာပေါ့
ခွပ်......
ဆရာမကတော့ စိတ်မရှည်လို့ ဘေးကရှိတာနဲ့ ကောက်ထုလိုက်တယ်
Fong-အ အ ဆရာမ နာတယ်လေ
Teacher-အဲ့နှစ်ယောက်လုံးက ကျောင်းပြောင်းတဲ့သူနဲ့ အခန်းပြောင်းတဲ့ သူနဲ့လေ နင်ကနောက်ဆုံးပဲဟဲ့ ငါတို့အခန်းထဲမှာ လူ40ပဲ ရှိတယ်ဟဲ့ ကို့အတန်းထဲ လူဘယ်နှစ်ယောက် ရှိလို့ ရှိမှန်းမသိ အားလုံး ပြောစရာရှိတယ် နားထောင်
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...