Part-5

952 69 0
                                    

Uni

12ခန့်ကြာသော်

Bright'D- မြန်မြန်လုပ်ကြဟေ့ ကျောင်းအပ်တာ နောက်ကျလို့မရဘူး

Bright- ဟုတ်ဖေကြီး လာပြီ လာပြီ😁

Bright တို့မိသားစု brightကို ဘန်ကောက်မှာ ကျောင်းတက်စေချင်တာကြောင့် ဘန်ကောက်ကို ပြောင်းလာခဲ့ကြတယ်

ဒုန်း ဒိုင်း ဒုန်း ဒိုင်း

Win- ဟာ လူအိပ်နေတဲ့အချိန် ဘာတွေထုနေတာလဲ ဒီအထိတောင်ကြားနေရတယ်ဟ😡

Win စိတ်တိုလည်းတိုချင်စရာပါပဲ ထမင်းစားဖို့ခေါ်ဖို့တောင် အခန်းထဲ ဘဲလ်တပ်ထားရတယ် အောက်ထပ်ကနေ ဖင်ကုန်းအော်ခေါ်လည်း မကြားရ အိမ်ကြီးကအရမ်းကြီးတယ် အဲ့ဒါကိုတောင် Winရဲ့ အိပ်ခန်းထဲကနေ ဆူညံနေအောင် ကြားနေရတော့ စိတ်တိုနေပြီလေ

Win စိတ်တိုတိုနဲ့ အောက်ထပ်ကိုပြေးဆင်းလာခဲ့တယ်

Win- နင်တို့တွေအလုပ်ကို ဘယ်လိုလုပ်နေတာလဲ ငါအိပ်‌နေတယ်လေ ဆူညံနေတာပဲ😠😠

Girl- တောင်းပန်ပါတယ် အကိုလေးWin ဟိုဘက်အိမ်က အသစ်ပြောင်းလာကြတာမလို့ ပြင်ဆင်နေကြတာတဲ့ အိမ်အိုကြီးကို ပြန်ပြင်တာဆိုတော့ တော်ရုံတန်ရုံနဲ့ မရလို့ပါတဲ့😔

Win- သူတို့ကလူမှုရေးနားမလည်တာလား အိမ်အိုကြီးလည်းဝယ်ထားသေးတယ် အဲ့အိမ်အိုအတိုင်းပဲနေပေါ့ ခြံသေးသေးလေးကိုများ ပြင်ဆင်နေကြသေးတယ် လူတွေအိပ်တဲ့အချိန်ကိုလာပြီးတော့ အဆင့်နိမ့်လိုက်တာ🤬🤬

Top- ဒါလူအိပ်တဲ့အချိန်မဟုတ်ဘူး မင်းလိုကာလနဂါးအိပ်တဲ့အချိန် ကျောင်းတက်ခေါင်းလောင်းက 7:45 နော် အခု 7ခွဲနေပြီဟ သွားလုပ်စရာရှိတာလုပ် ကျောင်းစတက်တဲ့နေ့ နောက်ကျလို့မရဘူး သွားမြန်မြန်

Win- ဟျောင့် Top ငါ့ကိုဆရာကြီးလာမလုပ်နဲ့ ငါသိတယ်😎

Top- ဟင် ပါပါး😳

Win-ပါပါး?? ပါပါးလား ဟာသေပြီ ဟိုလေ ပါပါး ကျွန်တော်မေ့သွား..... ဟင်ဘယ်မှာလဲ ပါပါး ဟျောင့် Top အေး မင်းသေပြီ

Win တို့ပါပါးက Top ကို ဟျောင့်လို့ ခေါ်တာမကြိုက်တာ မှတ်မိကြတယ်မလား Top ကတော့ သူ့ညီလေးကို စလို့ကောင်းတုန်း

dear neighbor🏘️👬 Where stories live. Discover now