Part-57

604 47 6
                                    

Uni

Win ကျောင်းစတက်တဲ့နေ့ သတိထားမိတာက သူ့ကို ဆက်ဆံကြတာက ဘန်ကောက်မှာတုန်းကလို မဟုတ်ပဲ ဘုရင်တစ်ယောက်လို ဆက်ဆံကြတယ် လိုက်စုံစမ်းကြည့်တော့မှ Famous ကုမ္ပဏီရဲ့ ဥက္ကဌဖြစ်တာက တစ်ကြောင်း ကျောင်းပိုင်ရှင်ရဲ့ ကောင်လေး ဖြစ်နေတာကတစ်ကြောင်း ပိုဆိုးတာကတော့ တည်ကြည်ပြီး ချေမိုးလွန်းတဲ့ ကျောင်းရဲ့ပိုင်ရှင် Shine ကုမ္ပဏီရဲ့ဥက္ကဌကြီးကတောင် Win ရဲ့ ခြေထောက်အောက်မှာ ဝပ်ဝပ်ပြားနေတာပါပဲ 

"ကိုကို စာလိုက်မလုပ်ဘူးလား"

"အင်း လုပ်မှာ အခုလုပ်တော့မှာ"

"ကိုကို အိမ်စာမလုပ်ဘူးလား"

"လုပ်မှာ လုပ်မှာ ဟီး"

"ကိုကို ဗိုက်ဆာတယ်"

"ခနစောင့် အခုသွားဝယ်ပေးမယ်"

"ကိုကို ရေကူးချင်တယ်"

"ကိုယ် ကမ်းခြေလိုက်ပို့ပေးမယ်"

ယုန်ပေါက် ပြောသမျှ တစ်ခုမကျန်နားထောင်ပြီး အကုန်လိုက်လုပ်ပေးနေတဲ့ ကျွန်တော့်ကို ခေါ်ကြတာက မယားကြောက် တဲ့ ယုန်ပေါက် အကြိုက်လိုက်ပေးရလို့ ကျွန်တော်က မယားကြောက် ဖြစ်မယ်ဆိုလည်း အင်းပေါ့ ကျွန်တော်က မယားကြောက်ပေါ့ ကိစ္စမရှိပါဘူး အဓိက ကယုန်ပေါက် ပျော်ဖို့ပဲ

အမြဲတမ်း ရန်တွေ ထဖြစ်လိုက်ကြ ကျောင်းမှာလည်း သတ်လိုက်ကြနဲ့ ခနနေရင် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ ပြန်ချော့ပြီး ပြန်‌တည့်သွားခဲ့ကြတာပါပဲ

နှစ်ယောက်သား ပိတ်ရက်တွေမှာ နေဖို့အတွက် အိမ်တစ်အိမ် ဝယ်ထားကြတယ် ကုမ္ပဏီ ဥက္ကဌနှစ်ယောက် နေတဲ့ အိမ်လို့ ထင်ချင်စရာ မကောင်းလောက်အောင် အိမ်လေးက ရိုးရှင်းလွန်းတယ် ခြံအကျယ်ကြီးရဲ့ အလယ်က နှစ်ထပ်တိုက် အိမ်ကလေးရယ် ခြံထဲမှာ စီစီရီရီစိုက်ထားတဲ့ ပန်းခင်းလေးရယ် ကြောင်လေးတစ်ကောင် ခွေးလေးတစ်ကောင် စီရှိကြတယ် ဖွင့်ရက်တွေမှာတော့ မြို့ထဲက ကွန်ဒိုမှာ နေကြပြီးတော့ ပိတ်ရက်ဆိုရင်တော့ ဒီအိမ်လေးကို လာပြီး အပန်းဖြေကြတယ် ပန်းပင်တွေ ရေလောင်းနေတဲ့ Bright ရယ် ‌ကြောင်လေး ခွေးလေးတွေနဲ့ ရယ်မောပြီး အတူဆော့ပေးတဲ့ Win ရယ် မြက်ခင်းစိမ်းကြီးရယ် အိမ်အသေးလေးရယ်ပေါ့

dear neighbor🏘️👬 Où les histoires vivent. Découvrez maintenant