Part-20

773 67 8
                                    

Uni

P'Eedရဲ့ အပြောကိုကြားတော့ တစ်ခန်းလုံးတိတ်ဆိတ်သွားခဲ့တယ် အားလုံးကလည်း တစ်အံ့တစ်ဩ မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့တော့ ပိုဆိုးတာပေါ့

P'Top- P'Eed ဘာကိုပြောချင်တာလဲ

P'Eed- မင်းတို့ ညီအကို နှစ်ယောက် အဖေတူအမေကွဲတွေ  မင်းအမေရဲ့နာမည်က Jennie

Flash back

လွန်ခဲ့သော ၁၅နှစ်ခန့်

Top'M- ရှင်က အိမ်ဖော်မနဲ့ ဖောက်ပြန်တာပေါ့လေ သူက ဘယ်လောက်အဆင့်အတန်း ရှိနေတာမလို့လဲ ရှင်အရင်က ရှင်နဲ့ အဆင့်မတူတဲ့သူနဲ့ဆို စကားတောင်မပြောချင်တဲ့သူလေ အဲ့ကောင်မ ရှင့်ကိုဘာတွေ‌နဲ့ မြူစွယ်လိုက်တာလဲ

Win'D- Jennie သူ့ကို အဲ့လိုမပြောနဲ့ သူက ဘာမှမမြူစွယ်ခဲ့ဘူး ငါသူ့ကိုချစ်တယ် ဒါကြောင့် အဆင့်အတန်းမလိုဘူး

Top'M- ဒါဆို ကျွန်မကရော ကျွန်မကိုရော မချစ်ဘူးလား

Win'D- မင်းနဲ့ငါက မိဘတွေ သဘောတူလို့ ယူထားတာလေ ငါမင်းကို မချစ်ခဲ့ဘူး

Top'M- ကျွန်မတို့ သားကိုတော့ ညှာတာပေးလေ သူ့ကိုထည့်တွက်ပေးပါ သူက ငယ်သေးတယ်လေ ပြီးတော့ အဲ့ဟာမမှာ ကိုယ်ဝန်ရှိနေတယ်ဆို အဲ့ကလေးကလည်း အောက်တန်းကျတဲ့ ကလေးပဲ ဖြစ်မှာ

ဖြောင်း.......

မွေးတောင်မမွေးသေးတဲ့ ကလေးတစ်ယောက်ကို ဒီလိုပြောတော့ Win ရဲ့ပါပါး စိတ်တိုသွားပြီး ပါးရိုက်လိုက်မိတယ်

Top'M- ရှင်ကျွန်မကို အဲ့ဟာမ အတွက်နဲ့ ပါးရိုက်တာလား ဟိုကောင်မလာစမ်း နင်လာစမ်း

ပြောရင်း Win ရဲ့မာမားကို ဆံပင်ကနေဆွဲပြီး ရေချိုးခန်းထဲခေါ်သွားခဲ့တယ်

Win'D- မင်း ရပ်လိုက်စမ်း ရပ်လို့ပြောနေတယ်

Win'M- သူဌေးကတော် တောင်းပန်ပါတယ် လွှတ်ပါအုံး ကလေးသေသွားလိမ့်မယ်

Top'M- သေသွားလည်း အေးတာပဲ

ပြီးတော့ ရေချိုးဇလုံထဲကို ခေါင်းနှစ်ပစ်လိုက်တယ် Win ရဲ့ပါပါးလည်း တအားဆောင်းဆွဲပြီး
ဖယ်လိုက်မှရတော့တယ်

dear neighbor🏘️👬 Hikayelerin yaşadığı yer. Şimdi keşfedin