Part-18

759 65 6
                                    

Uni

မနက်မိုးရီဝေဝေ လေးလင်းလာတော့ Brightက ပထမဆုံး ‌နိုးလာခဲ့တယ် မနေ့ညက Mike နဲ့ နေရာလဲ ထိုင်လိုက်တာမို့ Winရဲ့ဘေးကို ရောက်သွားတယ် ညာဘက်ပုခုံးက လေးနေလို့ ကြည့်လိုက်တော့ ပုခုံးက လေးလည်း လေးချင်စရာ သူ့ရဲ့ကမ္ဘာကြီး တစ်ခုလုံးကို သူ့ပုခုံးပေါ်မှာ ထမ်းထားရတာကိုး

တစ်ညလုံး သီချင်းတွေဆိုရင်း ခြေကုန်လက်ပန်းကျပြီး အိပ်ပျော်နေတာကြောင့် ယုန်သွားလေးပေါ်အောင် ဟောက်နေတဲ့Win ကတော့ Bright ရဲ့ပုခုံးပေါ်မှီပြီး အေးအေးဆေးဆေး အိပ်နေတယ် ပါးအိအိလေးတွေက ပုခုံးပေါ်ဖိပြီး တင်ထားတာမလို့ မို့တက်နေတယ် ရှေ့ဆံပင်လေးက နဖူးရှေ့မှာ ဝဲလည်လည် ဒါပါပဲ Bright ရဲ့ကမ္ဘာငယ်လေးအစစ် မှအစစ် ဟောက်နေတာလေးက အစ ချစ်ဖို့ကောင်းတယ် အရှေ့က ရထားတစ်စင်းလုံးကြားရအောင် ဟောက်နေတဲ့ အကောင်တော့မပါဘူးပေါ့ နားညည်းလွန်းလို့ စောင်ကိုလုံးပြီး ပါးစပ်ထဲထိုးထည့် ထားလိုက်တယ် ပြီးတော့မှ ဘေးက ယုန်ပေါက်လေးကို စောင်အသေအချာ ခြုံပေးတယ် နွေးသွားလို့ ထင်ပါရဲ့ အိပ်နေတဲ့ ယုန်ပေါက်လေးက ပြုံးပြတယ်

Bright- ဒီယုန်သွားလေးရယ် ပါးအိအိလေးရယ် ဆံပင်ပျော့ပျော့လေးတွေရယ်ကို ထပ်မြင်တွေ့ခွင့်ရပြန်ပြီ မင်းက တကယ်ကို ငြိတွယ်ပစ်ချင်စရာ ကိုယ်မင်းအပေါ် မဖြူစင်တာ မင်းသိရင် ကိုယ့်ကိုမုန်းမလား ကိုယ်တို့က မဖြစ်သင့်တာ သိပါတယ် ဒါမယ့် ခံစားချက်ဆိုတာက ထိန်းချုပ်ရကောင်းတာမျိုးမှ မဟုတ်ပဲလေ ကိုယ် တောင်းပန်ပါတယ်နော် ကိုယ်မင်းအနားကနေ အမြဲစောင့်ရှောက်ပေးနေပါ့မယ်

အိပ်နေတာမလို့ ရင်ဖွင့်ရင်းဝမ်းနည်းနေတဲ့Bright ရယ် ပြီးတော့ ခိုးနားထောင်ရင်း မျက်ရည်တွေ မသိမသာ စီးကျနေတဲ့ Win

မနက် နေမြင့်လာတဲ့အခါမှာတော့ အားလုံးကိုယ်စီ နိုးလာကြတယ် Ohm ကတော့ အိပ်ရာနိုးကတည်းက ဘာတွေရှာမှန်းမသိ 1နာရီလောက်ကိုကြာနေပြီ အမြင်မတော်တဲ့ Fong ကပဲ ဝင်ပြောရတော့တယ်

Fong-ဘာရှာနေတာလဲ ကူရှာပေးမယ်

Ohm- အင်းရှာပေး မျက်မှန်ပျောက်နေ‌တာ

dear neighbor🏘️👬 Donde viven las historias. Descúbrelo ahora