Uni
Brightတစ်ယောက်ကတော့ Win နောက်ကို ကြောင်အမ်းအမ်းလေးပဲ လိုက်သွားရတယ်
Win- လာ ဝင် Bright ခုမင်းက ငါ့လက်အောက်မှာ ကျောင်းမှာလည်း ငါ့ကိုစောင့်ရှောက်ရမှာ ငါ့စကားပဲ နားထောင်ရမယ် အော် ပြီးတော့ ငါ့ကို အကိုလေးလို့ခေါ်
Bright- ဟုတ် အ..ကို..လေး *ရွယ်တူကိုကွာ အကိုလေးတဲ့🙂*
Win- ပြီးတော့ ငါက Top ရဲ့ညီ Famous ကုမ္ပဏီရဲ့သားလို့ လျှောက်မပြောနဲ့
Bright- ဟုတ်
Win-သွားတော့
Brightအောက်ထပ်ကို ဆင်းလာတော့ အချေစိန်Foeiနဲ့ ပက်ပင်းတိုးတော့တာပါပဲ
Bright- အော် P'Foei
Foei- Bright မင်းက အကိုလေးကို အနီးကပ် စောင့်ရှောက်ရမှာမလို့ တစ်ခုမှာစရာရှိတယ်
သူဝမ်းနည်းတဲ့ အချိန်တွေကျရင် သူငယ်ချင်းတစ်ယောက်လို ဖေးမပေးပါ သူက တကယ်တမ်းတော့ မာချင်ယောင်ဆောင်ထားတဲ့ သစ်တော်သီလေးပုံမှန် အချေစိန် Foei မဟုတ်ဘဲ အကိုတစ်ယောက်က ညီလေးကို စိုးရိမ်နေသလိုမျိုးနဲ့ လာပြောတာကြောင့် Bright နဲနဲတော့ ကြောင်သွားခဲ့ရတယ်
Foei- ငါပြောတာနားလည်လား
Bright- ဟုတ်ကဲ့ပါ * အပြောင်းအလဲကလည်း မြန်ချက် အချေစိန်က ချက်ချင်းပြန်ရောက်လာတာပဲ😒*
ကျောင်းတက်တာလည်း တစ်လလောက်ပြည့်တော့မယ် Bright တစ်ယောက်ကတော့ ကျောင်းမှာလည်းWin နောက်တစ်ကောက်ကောက်လိုက် နောက်ကနေလိုက်ချောင်း ရန်ဖြစ်လို့Win ကိုထိရင် သူကဝင်ဆွဲ ကာကွယ်ပေးနဲ့ အလုပ်ရှုပ်နေလေရဲ့
သူကလည်း Winနောက်တစ်ကောက်ကောက် လိုက်ပြီး ရန်ဖြစ်ရင် ဝင်ဆွဲရ ဆွဲမရရင် သူပါရောဖြစ်ရနဲ့ ဆိုတော့ ကျောင်းက ဖူဂျိုရှီမတွေ အကြိုက်ပေါ့ သူတို့နှစ်ယောက်ကို အားလုံးက ဝိုင်းship ပေးကြတယ် (အစစ်မ Nnevvy ကတော့ လူမုန်းများနေပေါ့🙂)
ဒါတောင် ကျောင်းမှာ ဖူဂျိုရှီမတွေ အဖွဲ့နှစ်ဖွဲ့ ကွဲနေခဲ့တယ် တစ်ဖွဲ့က Brightwin နောက်တစ်ဖွဲ့ကတော့ Winbright ဘယ်တော့မတည့်တဲ့အဖွဲ့နှစ်ဖွဲ့ 🤣
Brightနဲ့ Win ကတော့ ဒီသတင်းတွေကို မငြင်းသလို လက်လည်းမခံကြဘူး
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...