Uni
ပန်းခြံကြီးရဲ့အလယ်မှာ နှင်းဆီပန်း အဝါလေးတွေ အပြည့်ဖြန့်ကျက်ထားတယ် မီးတွေ အများကြီး ဆင်ထားတဲ့ ဒီပန်းခြံကြီးထဲမှာ လူတွေ ရှင်းလင်းနေတယ် နှင်းဆီအဝါတွေရဲ့ ကြားထဲမှာ မျက်စိကို အဝတ်စည်းထားတဲ့ ကောင်မလေးတစ်ယောက် ရယ် ကောင်မလေးအရှေ့မှာ ဒူးထောက်နေတဲ့ ကောင်လေးတစ်ယောက်ရယ်
Love အဝတ်ကိုဖယ်လိုက်ပါ
မျက်စိအစည်းကို ဖယ်လိုက်တဲ့ Love လည်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အံ့အားသင့်သွားရတယ်
Love- Gunsmile ဒါတွေက ဘာတွေလဲ ငါ့အတွက်လားဟင်
Gunsmile- ဟုတ်တယ် တကယ်တော့လေ ငါနင့်ကို စတွေ့ထဲက ကြိုက်ခဲ့တာပါ အဲ့တုန်းက Bright ကဘောလုံးကို ဝင်ကာပေးခဲ့တော့ မင်းနဲ့ ရည်းစားလို့ထင်ခဲ့တာ ခုကျမှ နင် single မှန်းသိတော့ ငါကြိုးစားကြည့်တာ ငါနင့်ကိုချစ်တယ် ငါ့ကောင်မလေး လုပ်ပါလားဟင် ငါနင့်အပေါ်လုံးဝ ကောင်းပေးမယ်လို့ အာမခံ ပါတယ် နော်
Love- စဉ်စားချိန် ပေးပါအုံးလား
Gunsmile- အင်း ပေးမယ် သုံးစက္ကန့် ၁.....
Love- ဟမ် ခန
၂.......
၃.......
Love- အင်း ချစ်တယ်
Gunsmile- တကယ်လား ထပ်ပြောပါအုံး ကြားချင်လို့
Love- ငါလည်း ချစ်တယ်လို့ ဒီလိုမျိုး စပရိုက် လုပ်ပေးတာ တကယ်ကျေးဇူးတင်တယ် တစ်ခါမှ မကြုံဖူးဘူး ဒါမျိုးလုပ်လိုက်လို့ နင်အမှတ်ပိုရသွားတာ
Gunsmile- ချစ်လိုက်တာ အချစ်လေးရယ်
Love- အချစ်လေး????
Gunsmile- ဟုတ်တယ်လေ My love is Love လေ ဟီး
Love- တတ်နေလိုက်တာ
Gunsmile လည်း Love ကိုပြေးဖက်ပြီး ပါးကို နမ်းလိုက်တယ်
ဘုန်း......အ......
ကုတင်ပေါ်က၊ ပြုတ်ကျတာတောင် အားနဲ့ ကျတာမလို့ ခါးတော်တော် နာသွားတယ်
Gunsmile- ဘဝကလည်း ဆိုးတယ်ကွာ အိမ်မက်လေးကတော့ မဆိုးဘူးဟ ငါ့အချစ်လေးကလည်း ငါ့ကို ချစ်တယ်တဲ့ ဟိဟိ ကျေနပ်လိုက်တာကွာ
ESTÁS LEYENDO
dear neighbor🏘️👬
FanficUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...