Uni
ဖုန်းဆက်ပြီးတဲ့နောက် ခုန်ပေါက်ပြီး တအီအီနဲ့ ပြုံးဖြီးနေတာများ အမြင်ကတ်စရာတောင် ကောင်းတယ် ပြီးတော့ တစ်အိမ်လုံးက ရှိသမျှလူတွေကို သူ့ယောက်ျားက လေယာဉ်မယ်တွေကို သူ့အကြောင်း ဂုဏ်ဆာခဲ့တာကို လိုက်ပြောနေတာလည်း မပြီးတော့ဘူး
Top- ဟုတ်ပါပြီကွာ မင်းတို့ ဖုန်းဆက်ပြီးတာလည်း သိပြီးပါပြီ မင်းအကြောင်းကြွားတာတွေလည်း charlotte ကအစ သိပြီးပါပြီ တော်ပါတော့
Win- ပျော်တာကိုးကွ ဟားဟား 9နာရီကျရင်လည်း VC ပြောကြအုံးမှာ သိလား
Mike- သိတယ် သိတယ် မင်းနဲ့ဖုန်းဆက်ပြီးတာကိုလည်း သိပြီးပြီ ငါ့ကောင်လေးကို လွှတ်ကြွားမနေနဲ့ သူအားငယ်သွားမယ်
Top- မငယ်ပါဘူး မင်းငါ့ကိုချစ်တာ ငါသိတယ် မ ro တတ်သေးတာကိုလည်း နားလည်ပါတယ်
Mike- အ..ကိုက ချစ်စရာကြီးကွာ လာပါအုံး အာဘွား အကြီးကြီးယူ
Top- ဘယ်လိုရောက်လာတာလဲ
Mike- ကျောင်းဆင်းတုန်းက ကားနောက်ကနေ ပြေးလိုက်ပြီးတော့ကို အော်ခေါ်နေတာ ရပ်တောင်မပေးဘူး
Top- အကိုတကယ်မသိတာပါ အကိုသာသိရင် တန်းရပ်ပေးမှာ ဟိုကောင်လေ ဖုန်းအိမ်မှာ ကျန်ခဲ့တော့ ဖုန်းဆက်တာ မမှီမှာစိုးလို့တဲ့ အတင်းမောင်းခိုင်းနေလို့ပါ
Mike- ကျွန်တော့်မှာ မောတောင်မောတယ်
Top- ဟုတ်လား မောသွားပြီလား လာ အားဖြည့်ပေးမယ် အာဘွား
Mike- ဝိုး 100%ပြည့်သွားပြီ
Win- တော်ကြပါတော့ ရွံလိုက်တာ အော့ ထွီ
Mike- မင်း ရိုင်းလှချည်လား ဟမ် ငါနဲ့တော့ တွေ့တော့မယ်
Win- သတ္တိရှိရင် လုပ်လိုက် ဟျောင့် မင်းသေချင်လို့လား ဟမ် ငါဘာကောင်လဲသိတယ်မလား
Mike- မျက်နှာနှစ်မျိုးနဲ့ကောင် ယောက်ျားရှေ့ကျ မျက်ရည်ချူစားနေတယ်
Win- Mike!!!!!
Mike- စတာပါကွာ မင်းကလည်း အကို ကြည့်ပြောပါအုံး
Top- မင်းကလည်းကွာ ဟုတ်သားပဲ သွား အပေါ်တက်တော့ ငါ့ကောင်လေးကို မအော်နဲ့ မကြိုက်ဘူး ငါလည်း Bright ကို ပြန်အော်မှာ
YOU ARE READING
dear neighbor🏘️👬
FanfictionUni ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightwin ကို realဖြစ်စေချင်လွန်းလို့ အချိုတွေများမယ်လို့ထင်ပါတယ် ဖတ်ပေးကြပါအုံး🙇🏼♀❤️ Zaw ခေတ်က အခုမှစရေးမှာမို့လို့ မရေးတတ်သေးပါဘူး အမှားပါရင် ခွင့်လွှတ်ကြပါနော် Brightw...